မှို ကြိုက်တဲ့သူအနေနဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ မှိုနဲ့ ပတ်သက်လို့ အထူးပြင်ဆင်ထားတဲ့ ဟင်းလျာတွေကို  The Strand Café မှာ သွားရောက်သုံးဆောင်နိုင်ပါတယ်။ ဟင်းလျာတွေရဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၉ ဒေါ်လာကနေစပြီး ၁၄ ဒေါ်လာထိရှိပါတယ်။

အထူးဟင်းလျာတွေကိုတော့ မှိုအမျိုးမျိုးကို အဓိကထားချက်ပြုတ်ထားတာဖြစ်ပြီး Girolle, Porcini, Oyster Mushrooms and Morels ဆိုတဲ့ မှိုအမျိုးအစားတွေ ပါဝင်ပါတယ်။

အထူးစပရှယ် ဟင်းလျာလေးတွေကို နမူနာ ပြောရမယ်ဆိုရင်တော့

Aioli ဆော့လ်နဲ့  တွဲဖက်သုံးဆောင်ရမယ့် ဒေသထွက်ရာသီပေါ် မှိုနဲ့ Girolle  မှို တန်ပူရာကြော်

အခုလို မှိုတန်ပူရာကို Ailoli ဆော့လ်နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် အရသာကိုပိုပြီးပေါ်လွင်စေမှာဖြစ်သလို ရေမုန်ညှင်းနဲ့ တွဲထားတာမို့ ပြီးပြည့်စုံတဲ့ အရာသာကို ရရှိစေမှာဖြစ်ပါတယ်။ Ailoli ဆော့လ်ကတော့ ကြက်သွန်နီနဲ့ ကြက်ဥကိုရောပြီးလုပ်ထားတာပါ။

DSC02965

ရာသီပေါ် မှိုနဲ့ ရောပြီးချက်ထားတဲ့ Fricassee  ဆိုတဲ့ ပြင်သစ်ဟင်းလျာပါ Balsamic Pearls နဲ့ Rocket Salad  တွေလည်းထည့်ထားပါတယ်။

မှို Fricassee ပြင်သစ်ဟင်းလျာကို Balsamic Vinegar ပုလဲလုံးလေးတွေ နဲ့ Rocket Leaves ဆိုတဲ့ ခါးသက်သက်အရွက်ကိုလည်း ပေါင်းစပ်ထားတာဟာတကယ်ကို လိုက်ဖက်လှပါတယ်။

Food

ရာသီပေါ် မှို နဲ့ Veloute ဆော့လ်နဲ့အတူ ချက်ပြုတ်ထားတဲ့Hokkaido Sea Scallops ဟင်းလျာ

ကင်ထားတဲ့ Scallops တွေကို အဓိက အရသာပေါ်အောင်ချက်ပြုတ်ထားပြီး ရာသီပေါ်မှိုနဲ့ တွဲဖက်ထားတဲ့ ဟင်းလျာဟာလည်း တကယ်ကို လျှာလည်သွားစေမှာပါ။

DSC02968

Porcini နဲ့ Girolle ဆိုတဲ့ ဆော့လ်တွေ နဲ့တွဲဖက်ချက်ပြုတ်ထားတဲ့ Sole ငါး ဟင်းလျာ

မှိုအနှစ်တွေနဲ့ ချက်ပြုတ်ထားတဲ့ sole ငါးဟင်းလျာလေးပါ။ ရေမှုန်ညှင်းရွက်သေးသေးလေးတွေလည်း ပါဝင်ပြီး အရမ်းအရသာရှိတာနော်။

DSC02980

Morel မှိုစွပ်ပြုတ်နဲ့ သုံးဆောင်လို့ရတဲ့ ပြင်သစ်စတိုင်လ်ချက်ပြုတ်ထားတဲ့ Tortellini ဖက်ထုပ်

Foie Gras ဆိုတဲ့ ဘဲအသည်း (သို့) ငန်းအသည်းနဲ့လုပ်ထားတဲ့ ပြင်သစ်ဟင်းလျာကို ပြန်ပြီး ပေါင်းထုပ်ထားတဲ့ ဖက်ထုပ်ကိုလည်း သုံးဆောင်နိုင်ပါတယ်။  Morel မှိုစွပ်ပြုတ်နဲ့ တွဲဖက်သုံးဆောင်ရမှာမို့ အရမ်းလိုက်ဖက်လှပါတယ်။

DSC02978

Porcini မှိုနဲ့ ဘေးက ချိစ်တမျိုးနဲ့ ချက်ထားတဲ့ Tagliatelle ဆိုတဲ့ ပါစတာခေါက်ဆွဲ

လတ်ဆတ်ပြီး စားဖိုမှူးကိုယ်တိုင်လုပ်ထားတဲ့ Tagliatelle ပါစတာ ခေါက်ဆွဲကို မှိုနဲ့ ချိစ်ခရင်မ်နဲ့ တွဲပြီးစားလိုက်တဲ့အခါ အရမ်းအရသာရှိလှပါတယ်။

DSC02975

စားဖိုမှူးကြီး Christophe Buzaré နဲ့ အဖွဲ့သားတွေဟာ အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေကိုသုံးပြီး ဟင်းလျာတွေကို စားချင်စဖွယ် ချက်ပြုတ်ထားတာနော်။ The Strand Café စားဖိုဆောင်ကတော့ စွမ်းဆောင်ရည် အမြင့်ဆုံး စားဖိုဆောင်တစ်ခုပါပဲ။ ၀န်ဆောင်မှု ပေးတဲ့ ၀န်ထမ်းတွေကလည်း အစားအသောက်တွေအကြောင်း အရသာအကြောင်းကို သေချာနားလည်တဲ့ သူတွေမို့ အရမ်းလည်းအဆင်ပြေပါတယ်။

အများကြီးပြောမနေတော့ဘူးနော်။ ကိုယ်တိုင်ပဲ သွားကြည့်လိုက်တော့။

DSC02996

The Strand Café တစ်နေကုန်ဖွင့်တယ်နော်။ မြန်မာဟင်းမယ်ပေါင်းများစွာကို ရွေးချယ်စားသုံးနိုင်တဲ့အပြင် ဥရောပ အစားအစာတွေ၊ ကမ္ဘာပေါ်မှာ နာမည်အရမ်းကြီးတဲ့ ဂန္တ၀င်မြောက် (Classic) အစားအစာတွေလည်း ရရှိနိုင်ပါသေးတယ်။

DSC02962

https://www.facebook.com/TheStrandCafeYangon/