ဆီးချိုရောဂါဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားမှု အများဆုံး ရောဂါတစ်ခုဖြစ်ပြီး နှစ်တိုင်း လူအများရဲ့ ဘဝတွေကို ဒုက္ခအပေးဆုံး ရောဂါလည်း ဖြစ်ပါတယ်။ ဆီးချိုကို ပုံမှန်အတိုင်း ညှိပေးနိုင်ဖို့အတွက် အစားအသောက်တွေဟာလည်း အရေးကြီးပါတယ်။ အချိုရှောင်တာတွေ ကစီဓာတ်များတာတွေကိုလည်း ရှောင်ရသလို အဆီဓာတ်များတာတွေကိုလည်း ရှောင်ရပါသေးတယ်။

လူတိုင်းဟာ အစားအစာကို မကြိုက်သူ ရှားပါတယ်။ ကိုယ်စားချင်တာတွေကို မစားရတဲ့ ဒုက္ခဟာ ကြီးလွန်းပါတယ်။ ဒါကြောင့် ဆီးချိုကို ပုံမှန် အတိုင်း ထိန်းပေးဖို့ နည်းလမ်းတွေကို အမြဲ ရှာဖွေ နေတတ်ကြပါတယ်။ ဆီးချိုရောဂါတင်မဟုတ်ဘဲ ဘယ်ရောဂါ အတွက်မဆို ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောကါပတယ်။ ကျန်းမာအောင် အစားအသောက် အနေအထိုင် ဆင်ခြင်ပြီး နေမယ်ဆိုရင်တော့ ဖြစ်လာမယ့် ရောဂါတွေကို တားဆီးနိုင်ပါလိမ့်မယ်။

လွယ်ကူပြီး ရိုးရှင်းတဲ့ အိမ်တွင်း ကုထုံးတစ်ခုကို မျှဝေချင်ပါတယ်။ ပါဝင်ပစ္စည်း ၂မျိုးပဲ လိုအပ်မယ့် ဆေးနည်းပါ။

– ၃၀၀ ဂရမ် ရှိတဲ့ တရုတ်နံနံပင် အမြစ်
– သံပုယိုသီး အရွယ်တော် ၆လုံး

ပြုလုပ်ပုံ

ပထမဦးစွာ တရုတ်နံနံ အမြစ်တွေကို သန့်စင်အောင် ဆေးကြောပြီး အမြစ်တွေက ကြီးရင် သင်္ဘောခြစ်နဲ့ ခြစ်ပါ။ ဒါမှမဟုတ် သေးသေးလေးတွေ လှီးဖြတ်ပြီး ဖန်အဖုံးနဲ့ အိုး ဒါမှမဟုတ် အဖုံးမှာလက်ကိုင်ဖု ပါတဲ့ အိုးအသေးထဲကို ထည့်ပါ။ ပေါင်းဖို့အတွက် ဖြစ်တာကြောင့် ပါဝင်ပစ္စည်းတွေကို မပျက်စီးအောင် ထည့်ပါ။ သံပုယိုသီးတွေကို အရည် ညှစ်ပါပြီး ထည့်ပါ။

အိုးကို အဖုံးလုံအောင်ပိတ်ပြီး ရေအပြည့်ထည့်ထားတဲ့ အိုးအကြီးထဲကို ထည့်ပါ။ ပြီးရင် ရေဆူလာအောင် အပူပေးပါ။ ရေဆူလာပြီဆိုရင်တော့ အပူချိန်ကို လျှော့ပြီး မီးအေးအေးနဲ့ ၂နာရီလောက် ထားပါ။ ပြီးရင်တော့ အိုးကို ချပြီး အေးလာတဲ့အထိအိုးအဖုံးကို မဖွင့်ဘဲ ထားပါ။ ကောင်းကောင်း အေးလာပြီဆိုရင်တော့ အိုးအသေးထဲက တရုတ်နံနံနဲ့ သံပုယိုပေါင်းကို အဖုံးပါတဲ့ ပုလင်း ဒါမှမဟုတ် jar ထဲ ထည့်ပါ။ ရေခဲသေတ္တာထဲ ထည့်ထားပြီး သိမ်းပါ။

A-Cure-For-Diabetes

အသုံးပြုပုံ

မနက်မိုးလင်း အစာ မစားခင် စားပွဲတင်ဇွန်း တစ်ဇွန်း စားပါ။ မိနစ် ၃၀ နေမှ မနက်စာ စားပါ။ ၂လလောက် ကြာတဲ့ အခါ မတည့်တဲ့
အစာတွေ စားပေမယ့်လည်း သွေးထဲက သကြားဓာတ်ဟာ ပုံမှန်အတိုင်း ဖြစ်နေပါလိမ့်မယ်။