[Unicode]

တရုတ်နံနံဟာ မြန်မာပြည်မှာတော့ ခေါက်ဆွဲကြော်၊ ကြာဆံကြော်နဲ့ တရုတ်ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါမှာ ထည့်ဝင်ပြီး အသုံးပြုပါတယ်။ အနံ့မွှေးကြိုင်ပေမယ့် တချို့ကတော့ မကြိုက်လှပါဘူး။ တရုတ်နံနံဟာ ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်ခုဖြစ်ပြီး လူတွေ သိပ်သတိမထားမိတဲ့ ဆေး တစ်မျိုးလည်း ဖြစ်ပါတယ်။

တရုတ်နံနံပင်မှာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းမွန်စေပြီး ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပွားတဲ့ အဖျားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေ အတွက် အရိုးအဆစ်ရောင် ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။ တရုတ်နံနံမှာ Myristicin လို့ခေါ်တဲ့ အဆီတစ်မျိုးဟာ ကိုယ်တွင်း အကျိတ်ဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးပြီး အထူးသဖြင့် အဆုတ်အတွင်း အဖုအကျိတ်တွေ မဖြစ်အောင် တားဆီးပေးပါတယ်။ ညှော်နံ့တွေ ကိုယ်တွင်း ဝင်ရောက်မှုကို ပျက်ပြယ်စေပြီး ပန်းနာရင်ကျပ်ရောဂါကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။

တရုတ်နံနံပင်ကို ထောင်းပြီး ရလာတဲ့ သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် ဆံပင်သန်စွမ်းစေပြီး ဗောက်များ ပျောက်ကင်းစေနိုင်ပါတယ်။ သွေးထဲမှာ ရှိတဲ့ သကြားဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆီးချိုသမားတွေအတွက်ကတော့ အသုံးဝင်တဲ့ အပင်တစ်မျိုးပါ။ တချို့ ဆီးချိုသမားတွေကတော့ ထမင်းစားပြီးတိုင်း တရုတ်နံနံ တစ်ရွက် စားပေးကြပါတယ်။ တရုတ်နံနံမှာ Antioxidant ပါဝင်မှု များပြားတာကြောင့် သွေးထဲမှာ ရှိတဲ့ အောက်ဆီဂျင်ပမာဏကို တိုးပွားစေပြီး ဆဲလ်များ အောက်ဆီဂျင် ပြတ်လတ်မှုကနေ ကာကွယ်ပေးပါတယ်။

သူရဲ့ နောက်အစွမ်း တစ်မျိုးကတော့ နှလုံးသွေးကြောတွေမှာ အဆီပိတ်ခြင်းနဲ့ နှလုံးရောဂါ အမျိုးမျိုး၊ နှလုံးရောဂါကြောင့် ရုတ်တရက် လေဖြတ်ခြင်း တို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဝမ်းလျော ဝမ်းပျက် ဖြစ်တဲ့ အခါ နံနံရွက်ကို ကြိတ်ပြီး သောက်ပေးလို့ ရပါတယ်။ ဒါ့အပြင် ဆီးရွှင်စေတဲ့ အတွက် ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်တို့ကို ကောင်းမွန်စေပါတယ်။ အိပ်မပျော်ခြင်းနဲ့ စိတ်ကစဉ့်ကလျား ဖြစ်ခြင်းတို့ကို ကောင်းစွာ ကုသနိုင်တဲ့ ဆေးတစ်လက်ပါ။

သွေးတိုးသမားတွေအတွက်ကတော့ တရုတ်နံနံပင်ကို အိမ်မှာ စိုက်ထားပြီး နေ့စဉ် စားသုံးပေးသင့်ပါတယ်။ အရိုးအဆစ်တွေ နာကျင်တဲ့ အခါ တရုတ်နံနံကို ရေနွေးထဲ ထည့်စိမ်ပြီးသောက်သံးနိုင်သလို သူ့မှာ ပါတဲ့ ဗီတာမင် ကေကြောင့် အရိုးနဲ့သွားတွေကို ကျန်းမာစေနိုင်ပါတယ်။ တရုတ်နံနံမှာ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေ မပါဝင်တဲ့ အတွက် ကင်ဆာကို တိုက်ဖျက်နိုင်စွမ်း ရှိပြီး ကိုယ်အလေးချိန် လျော့ချသူတွေ အတွက် ပုံမှန် စားပေးခြင်းဖြင့် ထိရောက်စေပါတယ်။

သတိထားရမှာကတော့ ကိုယ်ဝန်ဆောင်တွေ တရုတ်နံနံပင် အလွန်အကျွံ စားသုံးခြင်းနဲ့ မွေးရာပါ သွေးအားနဲသမားတွေ မစားသုံးသင့်ပါဘူး။ တရုတ်နံနံဟာ ဆီးကို ရွှင်စေတာ မှန်ပေမယ့်လည်း သူ့မှာ ပါတဲ့ Oxalates ဓာတ်ဟာ များတာကြောင့် ကျောက်ကပ်ရောဂါသည်တွေနဲ့ သည်းခြေဝေဒနာသည်တွေ မစားသုံးသင့်ပါဘူး။ အစာလည်းဆေး ဆေးလည်း အစာဆိုပေမယ့် အားလုံး အကောင်းချည်း မဖြစ်နိုင်တာကြောင့် သတိထားပြီး စားသုံးသင့်ပါတယ်။

Credit: Healthnet

[Zawgyi]

တရုတ္နံနံဟာ ျမန္မာျပည္မွာေတာ့ ေခါက္ဆြဲေၾကာ္၊ ၾကာဆံေၾကာ္နဲ႔ တရုတ္ဟင္းလ်ာေတြ ခ်က္ျပဳတ္တဲ့အခါမွာ ထည့္၀င္ၿပီး အသံုးျပဳပါတယ္။ အနံ႔ေမႊးႀကိဳင္ေပမယ့္ တခ်ိဳ႕ကေတာ့ မႀကိဳက္လွပါဘူး။ တရုတ္နံနံဟာ ေဆးဖက္၀င္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ တစ္ခုျဖစ္ၿပီး လူေတြ သိပ္သတိမထားမိတဲ့ ေဆး တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

တရုတ္နံနံပင္မွာ ဗီတာမင္ စီ ၾကြယ္၀စြာ ပါ၀င္တာေၾကာင့္ ကိုယ္ခံအား ေကာင္းမြန္ေစၿပီး ရာသီဥတု အေျပာင္းအလဲေၾကာင့္ ျဖစ္ပြားတဲ့ အဖ်ားေရာဂါေတြကို ကာကြယ္ေပးႏုိင္ပါတယ္။ သက္ႀကီးရြယ္အိုေတြ အတြက္ အရိုးအဆစ္ေရာင္ ေရာဂါေတြကို ထိေရာက္စြာ ကာကြယ္ေပးပါတယ္။ တရုတ္နံနံမွာ Myristicin လို႔ေခၚတဲ့ အဆီတစ္မ်ိဳးဟာ ကိုယ္တြင္း အက်ိတ္ျဖစ္ပြားျခင္းတို႔ကို ကာကြယ္ေပးၿပီး အထူးသျဖင့္ အဆုတ္အတြင္း အဖုအက်ိတ္ေတြ မျဖစ္ေအာင္ တားဆီးေပးပါတယ္။ ေညွာ္နံ႔ေတြ ကိုယ္တြင္း ၀င္ေရာက္မႈကို ပ်က္ျပယ္ေစၿပီး ပန္းနာရင္က်ပ္ေရာဂါကို တိုက္ဖ်က္ေပးႏုိင္စြမ္း ရွိပါတယ္။

တရုတ္နံနံပင္ကို ေထာင္းၿပီး ရလာတဲ့ သတၱဳရည္ကို လိမ္းေပးျခင္းျဖင့္ ဆံပင္သန္စြမ္းေစၿပီး ေဗာက္မ်ား ေပ်ာက္ကင္းေစႏုိင္ပါတယ္။ ေသြးထဲမွာ ရွိတဲ့ သၾကားဓာတ္ကို ထိန္းေပးႏုိင္တာေၾကာင့္ ဆီးခ်ိဳသမားေတြအတြက္ကေတာ့ အသံုး၀င္တဲ့ အပင္တစ္မ်ိဳးပါ။ တခ်ိဳ႕ ဆီးခ်ိဳသမားေတြကေတာ့ ထမင္းစားၿပီးတုိင္း တရုတ္နံနံ တစ္ရြက္ စားေပးၾကပါတယ္။ တရုတ္နံနံမွာ Antioxidant ပါ၀င္မႈ မ်ားျပားတာေၾကာင့္ ေသြးထဲမွာ ရွိတဲ့ ေအာက္ဆီဂ်င္ပမာဏကို တိုးပြားေစၿပီး ဆဲလ္မ်ား ေအာက္ဆီဂ်င္ ျပတ္လတ္မႈကေန ကာကြယ္ေပးပါတယ္။

သူရဲ႕ ေနာက္အစြမ္း တစ္မ်ိဳးကေတာ့ ႏွလံုးေသြးေၾကာေတြမွာ အဆီပိတ္ျခင္းနဲ႔ ႏွလံုးေရာဂါ အမ်ိဳးမ်ိဳး၊ ႏွလံုးေရာဂါေၾကာင့္ ရုတ္တရက္ ေလျဖတ္ျခင္း တို႔ကေန ကာကြယ္ေပးႏုိင္ပါတယ္။ ၀မ္းေလ်ာ ၀မ္းပ်က္ ျဖစ္တဲ့ အခါ နံနံရြက္ကို ႀကိတ္ၿပီး ေသာက္ေပးလို႔ ရပါတယ္။ ဒါ့အျပင္ ဆီးရႊင္ေစတဲ့ အတြက္ ဆီးလမ္းေၾကာင္းနဲ႔ ေက်ာက္ကပ္တို႔ကို ေကာင္းမြန္ေစပါတယ္။ အိပ္မေပ်ာ္ျခင္းနဲ႔ စိတ္ကစဥ့္ကလ်ား ျဖစ္ျခင္းတို႔ကို ေကာင္းစြာ ကုသႏိုင္တဲ့ ေဆးတစ္လက္ပါ။

ေသြးတိုးသမားေတြအတြက္ကေတာ့ တရုတ္နံနံပင္ကို အိမ္မွာ စိုက္ထားၿပီး ေန႔စဥ္ စားသံုးေပးသင့္ပါတယ္။ အရိုးအဆစ္ေတြ နာက်င္တဲ့ အခါ တရုတ္နံနံကို ေရေႏြးထဲ ထည့္စိမ္ၿပီးေသာက္သံးႏုိင္သလို သူ႔မွာ ပါတဲ့ ဗီိတာမင္ ေကေၾကာင့္ အရိုးနဲ႔သြားေတြကို က်န္းမာေစႏိုင္ပါတယ္။ တရုတ္နံနံမွာ မေကာင္းတဲ့ ကိုလက္စထေရာဓာတ္ေတြ မပါ၀င္တဲ့ အတြက္ ကင္ဆာကို တုိက္ဖ်က္ႏုိင္စြမ္း ရွိၿပီး ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်သူေတြ အတြက္ ပံုမွန္ စားေပးျခင္းျဖင့္ ထိေရာက္ေစပါတယ္။

သတိထားရမွာကေတာ့ ကိုယ္၀န္ေဆာင္ေတြ တရုတ္နံနံပင္ အလြန္အကြ်ံ စားသံုးျခင္းနဲ႔ ေမြးရာပါ ေသြးအားနဲသမားေတြ မစားသံုးသင့္ပါဘူး။ တရုတ္နံနံဟာ ဆီးကို ရႊင္ေစတာ မွန္ေပမယ့္လည္း သူ႔မွာ ပါတဲ့ Oxalates ဓာတ္ဟာ မ်ားတာေၾကာင့္ ေက်ာက္ကပ္ေရာဂါသည္ေတြနဲ႔ သည္းေျခေ၀ဒနာသည္ေတြ မစားသံုးသင့္ပါဘူး။ အစာလည္းေဆး ေဆးလည္း အစာဆိုေပမယ့္ အားလံုး အေကာင္းခ်ည္း မျဖစ္ႏုိင္တာေၾကာင့္ သတိထားၿပီး စားသံုးသင့္ပါတယ္။

Credit: Healthnet