အားလုံးပဲ မင်္ဂလာပါ။ အာလူးချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ အသားကင်၊ အသားပြားစားတဲ့အခါ တွဲဖက်စားသုံးနိုင်တဲ့ ချိစ် အာလူးထောင်းပြုလုပ်နည်းလေးကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၇ လုံး (အခွံခွာပြီး အနေတော် အတုံးတုံးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နွားနို့ ၁၁၈ မီလီလီတာ (ဖန်ခွက် တစ်ဝက်ခန့်)
  • ချိစ် အနည်းငယ် (အချောင်းလိုက် ခြစ်ချထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

အိုးအကြီးတစ်လုံးထဲတွင် ရေထည့်ပြီးနောက် ဆားထည့်ကာ အာလူးများ ပြုတ်လိုက်ပါ။ တစ်ဆက်တည်းမှာပဲ ကြက်သွန်ဖြူထပ်ထည့်ပြီး အာလူးများ နူးအိလာသည်အထိ ပြုတ်ပေးလိုက်ပါ။

အာလူးပြုတ်နေတဲ့အချိန်မှာ ဇလုံအကြီးတစ်လုံးထဲတွင် နွားနို့၊ ထောပတ်၊ ဆားနှင့် ငရုတ်ကောင်းတို့ အဆင်သင့်ထည့်ထားပါ။

အာလူးပြုတ်များ ပျော့အိလာပါက အာလူးနဲ့ ကြက်သွန်များကို ခပ်ထုတ်လိုက်ပြီး အရည်စစ်ပြီးနောက် စောစောက အဆင်သင့်ပြုလုပ်ထားသော ဇလုံထဲသို့ထည့်လိုက်ပါ။

ပြီးတဲ့အခါ အာလူးများကို ဖိချေလိုက်ပြီး ထောပတ်တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

သေချာကြေညက်သွားပါက ချိစ်ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ချိစ် အာလူးထောင်း ရရှိသွားပြီပဲဖြစ်ပါတယ်။ ဒီအာလူးထောင်းကို အသားကင်၊ အသားပြားစားတဲ့အခါ တွဲဖက်စားသုံးနိုင်သလို ထမင်းနဲ့တွဲဖက်စားသုံးလို့လည်း ရပါတယ်။

Source: couponclippingcook.com