ပေါင်မုန့်ကို ဘာအစာသွပ်မှ မညှပ်ဘဲ ဒီအတိုင်းအလွတ်စားမယ့်အစား ထောပတ်၊ ချိစ်နဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့နဲ့ ရောစားမယ်ဆိုရင် အရသာတစ်မျိုးလေးထူးခြားပြီး စားလို့ကောင်းပါတယ်။

မယုံဘူးဆိုရင်တော့ အခုချက်ချင်းလုပ်စားကြည့်လိုက်တော့နော်။

ပါဝင်ပစ္စည်းများ

  • ထောပတ် တစ်ချောင်း (၆၄ ဂရမ်ခန့်)

  • ချိစ် ၄ အောင်စခန့် (အချောင်းလေးများဖြစ်အောင် ခြစ်ချထားပါ)
  • မိရောနိစ် ၂၃၀ ဂရမ်
  • ကြက်သွန်မြိတ် တစ်ပင် (ခပ်ပါးပါးလှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပြင်သစ်ပေါင်မုန့်ရှည် တစ်လုံး

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ထောပတ်၊ ချိစ်၊ မိရောနိစ်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ စတဲ့ပါဝင်ပစ္စည်းတွေကို ရောထည့်ပြီး နယ်ပေးလိုက်ပါ။

ပေါင်မုန့်ကို အလယ်တွင် ထက်ခြမ်းခြမ်းလိုက်ပြီး ပေါင်မုန့်အတွင်းသားနှစ်ဖက်စလုံးကို ချိစ်အရောအနှောများဖြင့် သုတ်လိမ်းပေးလိုက်ပါ။

ထို့နောက် မီးဖိုထဲတွင် ၇ မိနစ်ခန့်ထည့်ပြီး ဖုတ်ထားလိုက်ပါ။ မိနစ်အနည်းငယ်အအေးခံထားပြီး အေးသွားတော့မှ ပေါင်မုန့်ရှည်ကို မိမိစိတ်ကြိုက်ပုံသဏ္ဍာန်လှီးဖြတ်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: justataste.com