သင့်အနေနဲ့ ဝိတ်ကျချင်တယ်ဆိုရင်တော့ မနက်စာကို များများစားပြီး နေ့လည်စာကို ပုံမှန်လေးပဲစားပေးရပါမယ်။ ညစာကိုတော့ လျော့စားပေးဖို့ လိုပါတယ်။ ညစာကို ထမင်းမစားပဲ အာဟာရရှိပြီး ဝိတ်ကျစေတဲ့ကြက်စွပ်ပြုတ်ကို သောက်ပေးရင် ပိုကောင်းပါတယ်။ ဒါကြောင့် ကြက်စွပ်ပြုတ်ကောင်းကောင်းတစ်ခွက် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရသာရှိတဲ့ ကြက်စွပ်ပြုတ်ကောင်းတစ်ခွက် ပြုလုပ်ဖို့ ဒယ်အိုးထဲကို ဆီ – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – တစ်တက်၊ နုတ်နုတ်ဆင်းထားတဲ့ ဂျင်း – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပါးပါးလေးတွေလှီးထားတဲ့ ကြက်သွန်နီ – တစ်ခြမ်းနဲ့ အတုံးသေးသေးလေးတွေတုံးထားတဲ့ ကြက်ရင်အုံသား – ခွက်သေးတစ်ခွက်စာကို ထည့်မွှေပါ။

နုတ်နုတ်ဆင်းထားတဲ့ တရုတ်နံနံကြီး – စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်မွှေပါ။ ပြီးတာနဲ့ ကြက်ပြုတ်ရည် – ခွက်သေးတစ်ခွက်စာထည့်ပြီး ရေ – ခွက်သေးတစ်ခွက်စာထည့်မွှေပါ။ အတုံးသေးသေးလေးတွေတုံးထားတဲ့ မုန်လာဥနီ – ခွက်သေးတစ်ခွက်စာနဲ့ ပန်းဂေါ်ဖီစိမ်း – အနည်းငယ်တို့ကို ထည့်ပါ။

နုတ်နုတ်ဆင်းထားတဲ့ နံနံပင် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဟင်းခတ်အမွှေးအကြိုင် – အနည်းငယ်၊ ဆား နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်မွှေပြီး အဖုံးအုပ်ကာ ခဏတည်ထားလိုက်ပါ။ ရလောက်ပြီဆိုရင်တော့ ပဲလုံးလေးတွေ အနည်းငယ်ထည့်ပြီး ထပ်မွှေကာ တည်ထားပေးပါ။

 

ခဏကြာရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ အာဟာရလည်းဖြစ်စေသလို ဝိတ်လည်းကျစေလို့ ညစာအဖြစ်စားသုံးပေးဖို့ အသင့်တော်ဆုံးပါ။

Photo Source: www.theseriousfitness.com