အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ အပြင် ဗိုက်လည်းပြည့်စေတဲ့ ထမင်းပေါင်း ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်သွန်ဖြူ အနည်းငယ်
  • ပုဇွန် (သို့) ကြက်သား အနည်းငယ် (မိမိနှစ်သက်ရာ အသားထည့်နိုင်ပါတယ်။)
  • ဥနီ၊ ရေပြောင်း၊ ပန်းဂေါ်ဖီ၊ မှို၊ ငုံးဥ
  • မိမိနှစ်သက်ရာ အသီးအရွက်တွေ ထည့်နိုင်ပါတယ်။

  • ခရုဆီ အနည်းငယ်
  • ကော်မှုန့်အနည်းငယ်
  • ကြက်ပြုတ်ရည် အနည်းငယ် (မရှိရင် ရေနွေးပူပူထည့်ပါ)
  • ထမင်း ပူပူ
  • အချိုမှုန့်,ဆား,ငရုတ်ကောင်း

ပြုလုပ်နည်း

ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီသတ်ပါ။ နွမ်းလာရင် ကြက်သား ထည့်ကြော်လိုက်ပါ။ ကျက်သွားပြီဆိုရင် အသီးအရွက်တွေ ထည့်ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ကြက်ပြုတ်ရည် ထည့်လိုက်ပါ။ ရခါနီးရင် ကော်မှုန့်ကို ရေနဲ့ဖျော်ပီးထည့်ပါ။ ခရုဆီ ထည့်မွှေပါ။ အချိုမှုန့်,ဆား,ငရုတ်ကောင်း တို့ကို အနည်းငယ်ဆီ အရသာရှိအောင် ထည့်လိုက်ပါ။

ဟင်းရည် ပျစ်ချွဲချွဲ ဖြစ်လာပီး အသီးအရွက်များကျက်ပြီဆိုရင်တော့ ထမင်းပူပူကို အသင့်ခူးလိုက်ပြီး အပေါ်ကနေ လောင်းချပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ ထမင်းပေါင်းလေး ရပါပြီနော်။

By: MyFood Myanmar