တခါတလေအချိန်မှာ ထမင်းနဲ့ဟင်းစားချင်စိတ်မရှိတာ ဖြစ်တတ်ပါတယ်နော်။ ဒီလိုအချိန်တွေမှာ ကြက်အသဲအမြစ် အရိုးသုတ်လေးက ခံတွင်းလိုက်စေမှာပါ။ တခါတလေ ဆိုင်မရှိလို့ မစားရတာမဖြစ်ရအောင် အခုပဲလုပ်နည်းလေးကို ဖော်ပြပေးလိုက်လို့ အိမ်မှာ အိမ်သားတွေနဲ့အတူ ချက်စားလိုက်ကြပါနော်။

ပါဝင်ပစ္စည်း

13444053_10154525171578132_461102364_n

  • ကြက်သား
  • ကြက်ရိုးများ (လည်ပင်း ၊ တောင်ပံ ၊ ခြေထောက်)
  • ကြက်အူ
  • အသဲ အမြစ်
  • ခရမ်းချဉ်သီး (မထူမပါး လှီးထားပါ)
  • ဂေါ်ဖီ (ပါးပါးလှီးထားပါ)
  • သခွါးသီး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ (ပါးပါးလှီးထားပါ)
  • ငရုပ်သီးစိမ်း (ပါးပါးလှီးထားပါ)
  • ငရုပ်သီးအမှုန့်
  • သံပုရာသီး
  • ့ပဲမှုန့်
  • ပူတီနံ
  • နံနံပင်
  • ဆနွင်း
  • ဆား
  • ခေါက်ဆွဲ

ပြုလုပ်နည်း

  1. ကြက်သား ၊ အမြစ် ကို ရေဆေး ပြီး ဆား ၊ ဆနွင်း နယ်ပီး ရေနဲ့ပြုတ်ပြီး နူးခံနီးတွင် အသဲကို ထဲ့ပြီး တအိုးထဲတွင် နူးသည်အထိ ပြုတ်ပြီး အအေးခံ ထားပါ။
  2. ကြက်ရိုးများ (လည်ပင်း ၊ တောင်ပံ ၊ ခြေထောက်)  ရေဆေးပြီး ဆား၊ ဆနွင်း နယ်ပီး ရေနဲ့ပြုတ် နူးလာရင် ဆယ်ပြီး အအေးခံထားပါ။ ပဲမှုန့် အစိမ်းကို ဆား ၊ ဆနွင်း နည်းနည်း ထည့်ပြီး ရေဖျော်ထားပါ။
  3. ကြက်ပြုတ်ထားသည့် ကြက်ပြုတ်ရည်ထဲကို ရေဖျော် ထားတဲ့ ပဲရည်တွေ ထည့်ပီး ကျိုပါ။ ပဲအစိမ်းနံ့ ပျောက်အောင် ကျိုပါ။ အနည်းငယ် ဆူပွက်လာရင် ရပါပြီ။
  4. စားတော့မည် ဆိုလျင် မိမိနှစ်သက်ရာ ကြက်သား ၊ ကြက်ရိုး ၊ အသဲအမြစ် ကို အနေတော် လှီး၍ ပဲရည် ဆမ်းပြီး ဂေါ်ဖီ ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငရုပ်သီးအမှုန့်၊ ပူတီနံ အစရှိသည့် မိမိ ကြိုက်နှစ်သက်သည့် အဆာပလာများ ထည့်ပြီး သံပုရာညှစ်၊ ထည့်ပြီး ချဉ်စပ် သုပ်စားပါ။
  5. အိမ်က ကလေးများက ခေါက်ဆွဲပါ ထည့်၍ သုတ်ရသည်ကို နှစ်သက်၍ ခေါက်ဆွဲပါ ထည့်ထားပါသည်။

MyFood Myanmar