ပါဝင်ပစ္စည်းများ

ကြက်ရင်အုပ် – ၃၀ ကျပ်သား

ကြက်သွန်နီ – ၄ လုံး

ကြက်သွန်ဖြူ – ၃ မွှာ

ဆီ – စားပွဲတင်စွန်း ၅ စွန်းခွဲ

နနွင်းမှှုန့် – လက်ဖက်စွန်း ၁ စွန်းခွဲ

ချင်း – ၂ စင်တီမီတာ

ငရုပ်သီးမှှုန့် – စားပွဲတင်စွန်း ၁စွန်း

အရောင်တင်ပန်းငရုတ်မှှုန့် – လက်ဖက်စွန်း ၁ စွန်းခွဲ

ငံပြာရည် – လက်ဖက်စွန်း ၁စွန်း

ရေသန့် – ၂ ခွက်

ခနော ကြက်သားမှှုန့် – လက်ဖက်စွန်း ၂ စွန်းခွဲ

ဆား – လက်ဖက်စွန်း ၂ စွန်း

ပြင်ဆင်ချက်ပြုတ်ပုံအညွှန်း

ကြက်သား ၃၀ကျပ်သားကို အနေတော်အတုံးလေးတွေ တုံးပါ။ ပြီးလျှင်ကြက်သားကို ခနောကြက်သားမှှုန့်လက်ဖက်စွန်း ၁စွန်းခွဲထည့်ပြီး နှယ်ပါ။ ၁၅ မိနစ်လောက်နှပ်ထားပါ။ ဟင်းအနှစ်ပြုလုပ်ဖို့ကတော့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ကို နှပ်နှပ်စဉ်းထားရပါမယ်။

ပြီးသွားရင်တော့ ဆီ ထည့်ပါမယ်။ ဆီပူလာရင်တော့ ချင်းကို ထည့်ပြီး မိနစ်ဝက်ခန့်ထားပါမယ်။ ပြီးရင်တော့ နနွင်းမှှုန့်ထည့်ပြီးမွှေပါမယ်။ ချင်းလေးပျော့သွားပြီဆိုရင်တော့ နှပ်နှပ်ဆင်းထားတာတွေ ထည့်ပြီးမွှေပေးပါ။ ပြီးသွားရင်တော့ ငရုပ်သီးမှှုန့် ၊ အရောင်တင်ပန်းငရုပ်မှှုန့် ၊ ငံပြာရည် ပြီးလျင်ဆားထည့်ပြီး မိနစ်ဝက်ခန့်ထားပါ။

နောက်ဆုံးအဆင့် အနေနဲ့ ခနောကြက်သားမှှုန့်နဲ့ နှယ်ထားပြီးနှပ်ထားတဲ့ ကြက်သားကိုထည့်ပြီး ဟင်းအနှစ်နဲ့ အတူ သမအောင်မွှေပေးပါ။ ပြီးလျှင် ခနောကြက်သားမှှုန့် ထပ်ထည့်ပြီး ရေခမ်းပြီး ဟင်းအနှစ် ဆီပြန်လာတဲ့အထိချက်ပါ။ ဆီပြန်လာပြီ ဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကြက်သားဆီပြန်ချက်ကို တည်ခင်းနိုင်ပါပြီ။

Knorr