အရသာပြည့်ပြည့်၀၀ရှိတဲ့ ကြက်သားကတ်သလိတ်တွေဟာဆိုရင် ပါတီပွဲတွေ၊ သူငယ်ချင်းတွေ တွေ့ဆုံတဲ့အခါများတွင်ဖြစ်စေ အတွဲညီညီစားသုံးနိုင်ပါတယ်။

Panada ဆော့စ်ဟာဆိုရင် ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာအလွန်ရှိလို့ ကြက်သားကတ်သလိတ်ကို ပိုပြီး ထူးကဲတဲ့အရသာပေးစွမ်းနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

  • ချက်ပြီးသား ကြက်သား – ၂ ခွက်နှင့် ၁ ဝက်
  • ကြက်သွန်နီအကြီး – ၂ လုံး (လှီးပြီးသား)
  • ကြက်သွန်ဖြူ (အခွံခွာ၊ လှီးပြီးသား) – ၄ မြွှာ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • နံနံပင် (လှီးပြီးသား) – စားပွဲတင်ဇွန်း ၁ ဇွန်း
  • ထောပတ် သို့မဟုတ် ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း

Panada ဆော့စ်အတွက် ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် – ခွက် ၁ ခွက်ရဲ့ လေးပုံတစ်ပုံ
  • ထောပတ် သို့မဟုတ် ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်း
  • နို့ – ၁ ခွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်ဥ – ၁ လုံး (အနည်းငယ် ခေါက်ပြီးသား)
  • ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း (ဆား၊ ငရုတ်ကောင်းတို့နဲ့နယ်ပြီးသား)
  • ဆီ
  • ပေါင်မုန့် အမှုန့်များ

ချက်ပြုတ်နည်း

၁။ Panada ဆော့စ်အတွက် ပါဝင်ပစ္စည်းများကို ရောစပ်ပြီး ဆော့စ်ပြုလုပ်ကာ ဘေးဖယ်ထားပါ။

၂။ လက်ကိုင်ပါဒယ်အိုးထဲတွင် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထည့်ပေးပါ။

၃။ ကြက်သွန်နီတွေ အရောင်ပြောင်းသွားသည်အထိ မီးအမြင့်ဆုံးမှာ မွှေပေးပြီး ကြက်သား၊ ဆား၊ ငရုတ်ကောင်းတို့ထည့်ပါ။

၄။ အကြိမ်အနည်းငယ်လောက်မွှေပေးပြီး မီးဖိုပေါ်မှ ဖယ်လိုက်ပါ။

၅။ Panada ဆော့စ်၊ ကြက်သားနဲ့ နံနံပင်တို့ကို ရောနယ်ပြီး အေးသွားအောင် နာရီဝက်လောက်ထားပေးပါ။

၆။ အေးသွားပြီဆိုလျှင် ကတ်သလိပ်များကို ကြက်ဥ၊ ဂျုံမှုန့်၊ ပေါင်မုန့်အမှုန့်များထဲ တစ်လှည့်စီနှစ်ပေးပြီး ပုံသွင်းပါ။

၇။ လိုချင်တဲ့ပုံစံရပြီဆိုရင် ဆီပူနေတဲ့ အိုးထဲထည့်ကြော်ပေးပါ။