သင်္ကြန်ပိတ်ရက်မှာ အထူးဆန်းလေး လုပ်စားချင်သော မိသားစု သူငယ်ချင်း မိတ်ဆွေများ ဆုံကျတဲ့ ပိတ်ရက် အချိန်လေးများ တစ်ပျော်တစ်ပါး အားပါးတရ လုပ်စားလို့ ရအောင် မုန့်လုံးကို အသားနှင့် လုံးထား တာလေး ပြန်လည် ရှယ်ထားပါတယ်။ စားပြီး တင်းတိမ်းစေသော အရသာကို ရရှိစေတာကြောင့် ရေကစား ပြန်လာ ကျသော သူများ ဆာဆာ နှင့် စားလို့ကောင်းမယ့် အရသာကို fusion စတိုင် တီထွင်ဖန်တီး ထားပါတယ်။ တစ်ပျော်တစ်ပါး လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ (အလုံး ၂၀ လုံး နှုန်း)

အုပ်စု (က)

  • ကောက်ညှင်းဆန်မှုန့် – ၁ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
  • ဆန်ကြမ်းမှုန့် – ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ရေ – ၁ ခွက် (အတိုးအလျော့လုပ်ပေးပါ)
  • ဆား – အနည်းငယ်

အုပ်စု (ခ)

  • ကြက်ကြိတ်သား – ၆၀ ဂရမ်
  • Thyme အရွက် – ၁ ဇွန်း (လက်ဖက်ဇွန်း) နုတ်နုတ်လှီးထားပါ ။
  • ဆား – အနည်းငယ်
  • မြေပဲလှော် – ၃ ဇွန်း (လက်ဖက်ဇွန်း) မညက်တစ်ညက်ထောင်းထားပါ ။
  • ဆီ – ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း)

ပြုလုပ်နည်း

  1. ခြောက်သွေ့သော ဖန်ပုကန်လုံး အကြီးထဲကို အုပ်စု (က) ပစ္စည်းများ အားလုံးထည့်နယ်ပါ။ စေးပြီး မုန့်အနှစ်များ လက်မှာ မကပ်လျှင် ရပါပြီ။
  2. အုပ်စု(ခ) မှ ပါဝင်သော ပစ္စည်းများကို ဖန်ဇလုံအကြီးထဲ ထည့်ပြီး အသေချာနယ်ပါ။ လက်ကို ဆီအနည်း သုပ်ပါ။
  3. မုန့်နှစ်များကို လိုသလို အနေတော် အလုံးလေးတွေ လုံးပါ။ အထဲမှာ ကြက်ကြိတ်သားကို အနေတော်လေးတွေ အစာသွပ်ပြီး လုံအောင်အုပ်ပြီး လုံးနေအောင်လုံးပါ ။ စောက်နက်အိုးကြီးကြီးထဲကို ရေဆူအောင်တည်ပါ။ ရေဆူလာလျှင် လုံးထားသော အလုံးလေးများ ထည့်ပါ။
  4. အိုးထဲ အများကြီး မထည့်ပါနဲ့။ အိုးကျပ်သွားလျှင် မကျက်တာမျိုးဖြစ်သလို ဆယ်ရတာလဲ ခက်ပါတယ် ။ ဇလုံအကြီးထဲမှာ ရေခဲရေ ထည့်ထားပါ ။  ကျက်ပြီး ရေပေါ်ပေါလာသော မုန့်လုံးရေပေါ်များ ကို ရေခဲရေထဲ ဆယ်ထည့်ပါ။
  5. မုန့်လုံးများကို ရေစစ် သံဇကာဖြင့် ရေစစ်ပြီး အအေးခံထားပါ။ ပြီးလျင် သုံးဆောင်ရန် ပန်းကန်ထဲ ထည့်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ အချဉ်ရည်တို့ဖြင့်တို့ စားလျင် ပိုကောင်းမွန်ပါတယ်။

မှတ်ချက်- Thyme ရဲ့ အရသာကို မနှစ်သက်လျင် မထည့်လဲ ရပါတယ်။ Thyme ကို Market Place, City Mart တို့မှာ ဝယ်ယူလို့ရပါတယ်။