ဟင်း - Curry | ကြက်သား - Chicken

တူစုံမောင်နှံကြက်အတောင်ပံဟင်း

September 8, 2016

တူစုံမောင်နှံကြက်အတောင်ပံဟင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ - ၃၀ ကျပ်သား (ဆူးချွန်လေးနဲ့ထိုးဆွထားပါ)
  • ကြက်သွန်နီ - ၃ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ - ၃ မွှာ (ထောင်းထားပါ)
  • ငရုတ်သီးခွဲခြမ်း - ၁ ဇွန်း- စားပွဲဇွန်း
  • ခနောကြက်သားမှုန့် - ၅ ဇွန်း ခွဲ - လ္ဘက်ဇွန်း (၃ ဇွန်း ခွဲ အသားနယ်နှပ်ရန်)
  • နနွင်းမှုန့် - ၁/၄ ဇွန်း လ္ဘက်ဇွန်း
  • ဆီ - ၂ ဇွန်း ခွဲ စားပွဲဇွန်း
  • ဆား - ၁/၂ ဇွန်း လ္ဘက်ဇွန်း (ကြက်တောင်ပံ နယ်ရန်)
  • ငံပြာရည် - ၁ ဇွန်း လ္ဘက်ဇွန်း
  • ငရုတ်ကောင်းဖြူစေ့ - ၁/၂ ဇွန်း လ္ဘက်ဇွန်း ( ကွဲရုံ ထောင်းထားပါ)
  • ဇီရာစေ့ - ၁/၂ ဇွန်း လ္ဘက်ဇွန်း (မညက်တညက် ထောင်းထားပါ)
  • နံနံစေ့ - ၁ ဇွန်း လ္ဘက်ဇွန်း (ကွဲရုံ ထောင်းထားပါ)
  • ပတဲကော - လက်တစ်ဆစ်ခွဲ (ပါးပါးလေးတွေ လှီးထားပါ)

ပြုလုပ်နည်း

  1. ကြက်အတောင်ပံလေးများ ကို ဆူးချွန်လေးနဲ့ ထိုးဆွထားပါ။ ခနောကြက်သားမှုန့် ၃ ဇွန်း ခွဲ ၊ ဆား၊ ငရုတ်ကောင်းဖြူစေ့၊ ဇီရာစေ့၊ နံနံစေ့ ၊ ပတဲကော ဖြင့်နယ်နှပ်ထားပါ။
  2. ဆီ အပူပေးပါ၊ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ နနွင်းမှုန့် များကို ဆီသတ်ပါ။ ကြက်သွန်များ နွမ်းလာလျှင် ငရုတ်သီးခွဲခြမ်း နှင့် ငံပြာရည် ထည့်ပါ။
  3. ရွှေရောင်သန်း ပြီး မွှေးလာလျှင် ကြက်တောင်ပံများ ထည့်ပြီးမွှေပါ။ ရေအနည်းငယ် ဖြင့် အဖုံးအုပ်တည်ပါ။
  4. ၁၂ - ၁၅ မိနစ်လောက်ကြာအောင်တည်ပြီးလျှင် မွှေပေးပါ။ ကျန်ပါဝင်ပစ္စည်းများထည့်ပါ။
  5. ရေခမ်းပြီး ဆီအနည်းငယ်ပြန်လာလျှင် ဆားမြည်း ပြီး (ခနောကြက်သားမှုန့်) လိုလျှင်ထပ်ထည့် နိုင်ပါတယ်။
Knorr

Review

User Rating

5 (2 Votes)