အားလုံးပဲမင်္ဂလာပါနော်။ မိသားစုနဲ့အတူတူပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့အတူတူပဲဖြစ်ဖြစ် မှုန့်လုပ်စားရင်း အိမ်မှာ အကင်တွေ ကင်စားဖြစ်တဲ့အခါ ဆော့လ်လုပ်တာကလည်း အရေးပါလှပါတယ်။

ဒီတခါမှာတော့ ကြက်အတောင်ပံကင်နဲ့ အကင်ကို ပိုပြီးအရသာပြည့်စုံစေမယ့် BBQ ဆော့စ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

ကြက်သွန်ဖြူ ၅ မွှာ

ကြက်သွန်နီ (အဖြူ) ၁ ဥ

ဆား နဲ့ ငရုတ်ကောင်း

ရေ ခွက် ၁/၄ ပုံ

သံလွင်ဆီ

ပျားရည်

ထောပတ်စားပွဲတင်ဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီးဆော့စ် ခွက် ၁/၄ ပုံ

သကြားအညို စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်အတောင်ပံ ၁ ကီလိုဂရမ်

ပြင်ဆင်ခြင်း

သင့်ရဲ့ ကြက်အတောင်ပုံကို သေချာလေး ရေဆေးပေးပါ။ ပြီးရင်တော့ သံပရာရည်နဲ့ လူးပေးလိုက်ပြီး သေချာဆေးပေးသင့်ပါတယ်။

၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို သေချာလှီးပါ

၂။ ပန်အိုးထဲမှာ ထောပတ်နဲ့ သံလွင်ဆီနည်းနည်းထည့်ပြီးအပူပေးလိုက်ကာ ကြက်သွန်နီ ကြက်သွန်ဖြူ လှီးပြီးသားကိုထည့်လိုက်ပါ။

၃။ ကြက်သွန်နီ၊ဖြူ အညိုရောင်ပြောင်းလာပြီဆိုရင် ကျန်တဲ့ ဆော့စ်လုပ်မယ့် ပါဝင်ပစ္စည်းတွေကိုထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။

၎။ ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပါ။

၅။ မိနစ် ၂၀ လောက်မွှေနေပါ။ ဆော့စ်က ပျစ်ပျစ်လေးဖြစ်လာပါလိမ့်မယ်။

၆။ ကြက်အတောက်ပံကို ကင်လို့ရပါပြီ။ ကြက်အတောင်ပံကို ဆား၊ ငရုတ်ကောင်းမှုန့်တို့နဲ့ နယ်ပေးလိုက်ပါ။

၇။ ပြီးရင်တော့ Brush လေးနဲ့ ဆော့စ်ကို အဲဒီအတောင်ပံပေါ် သုတ်ပေးလိုက်ပါ။

၈။ အဲဒီနောက် ကင်ပေးလိုက်ရင်ရပါပြီ။

၉။ ကျက်တဲ့အထိ ကင်ပေးလိုက်ပါ။

Source: www.steptohealth.com