ကြက်စင်းကော အာလူးဟင်း

Share this on:


1.Minced Chicken Curry.MFM

ပါဝင်ပစ္စည်းများ

  • ကြက်သားတောက်တောက်စင်း - ၂၅ ကျပ်သားခန့်
  • ကြက်သွန်နီ - ၂ လုံး
  • ကြက်သွန်ဖြူ - ၃ မွှာ
  • ဂျင်း - အနည်းငယ်
  • အရောင်တင်မှုန့် - အနည်းငယ်
  • ခရမ်းချဉ်သီး - ၂ လုံး
  • အားလူး - ၂ လုံး
  • ပျဉ်တော်သိမ်ရွက်
  • ဆား - အနည်းငယ်
  • ဆီ - ၂ ဇွန်း (ထမင်းစားဇွန်း)
  • မဆလာ - အနည်းငယ်
  • ရေ - အနည်းငယ်

ပြုလုပ်နည်း

  1. တောက်တောက်စင်းထားသော ကြက်သားကို နနွင်းမှုန့် ၊ အရောင်တင်မှုန့်နှင့် ရောနယ်၍ နှပ်ထားပါ ။
  2. ခရမ်းချဉ်သီးကို အတုံးလေးများ လှီးထားပါ ။ အာလူးကို အတုံးလေးများ တုံးထားပါ ။
  3. ဒယ်အိုး (သို့) ဒန်အိုး တစ်လုံးကို မီးဖိုးပေါ် တင်ပြီး ဆီထည့်၍ ဆီပူလာလျှင် ကြက်သွန်နီ/ဖြူ ၊ ဂျင်း ၊ ပျဉ်တော်သိမ်ရွက်တို့ကို ထည့်ပါ ။ ပြီးလျင် နယ်ထားသော ကြက်သားများကို ထည့်လုံးပါ ။ ကြက်သား အရောင်ပြောင်းသွားလျှင် ခရမ်းချဉ်သီးကို ထည့်ပါ ။ ထိုနောက် ရေအနည်းငယ် ထည့်၍ အုပ်ထားပါ ။ ကြက်သားနုလာကာနီးတွင် အားလူးကို ထည့်၍ မီးအေးအေးနှင့် တည်ပါ ။
  4. အားလုံး နူးလျှင် ပျဉ်တော်သိမ်ရွက်ကို အုပ်ပါ ။ အပေါ့ အငန်မြည်း၍ အရသာ အနေတော်လျှင် ရယ်ဒီမိတ်ဝယ်ထားသော ပလာတာကို မီးအေးအေးဖြင့် ကြော်၍ အရသာရှိလှတဲ့ ပလာတာနှင့် ကြက်သားချက် စားသုံးနိုင်ပါပြီ ။
  5. အချဉ်ကိုတော့ သခွာသီး ပါးပါးလှီး ၊ ငရုတ်သီးစိမ်း ပါးပါးလှီး နှင့် ပူတီနှံ တို့ကို ရောပြီး သံပုရာသီး (သို့) ရှာလကာရည်ဖြင့် ရောနယ်၍ တွဲဖက် စားသုံးနိုင်ပါသည် ။
My Food Myanmar

Review

User Rating

5 (2 Votes)

author-avatar

This author has not supplied a bio yet.