အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ ကြက်သားငရုတ်ပွသီးကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • အရိုးမပါတဲ့ ကြက်သား (၄၀၀) ဂရမ်
  • ပျဉ်းတော်သိမ်ရွက် ၁၀ ရွက်ခန့်
  • ငရုတ်ပွသီး ၁လုံး
  • ငရုတ်သီးစိမ်း ၂ တောင့်
  • ကြက်သွန်နီ ၁ လုံး

  • ကြက်သွန်မြိတ် တောက်တောက်စဉ်း အနည်းငယ်
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် (အနှောက်) စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည်အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

Source: SRShoppee

  • ငရုတ်သီးမှုန့် အနည်းငယ်
  • ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကြက်သွန်ဖြူ တောက်တောက်စဉ်းအနည်းငယ်
  • ဂျင်းတောက်တောက်စဉ်းအနည်းငယ်

  • ကြက်ဥ ၁ လုံး
  • ဆီ
  • ဆား

ပြုလုပ်နည်း

အသားကို ရေသေချာဆေးပြီး လှီးလိုက်ပါ။

ခွက်ထဲထည့်လိုက်ပြီး ကြက်ဥတစ်လုံး၊ ကော်မှုန့် ၊ ဂျုံမှုန့်၊ ငရုတ်သီးမှုန့်၊ဆားတို့ကိုရောလိုက်ပြီး မွှေလိုက်ပါ။

ပြီးရင် ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပါ။

အိုးထဲကိုထည့်လိုက်ပြီး ဆီပူပူနဲ့ ကြက်သားကိုကြော်လိုက်ပါ။ ရသွားပြီဆိုရင်တော့ ဆီဆစ်ထားလိုက်ပါ။

ပြီးရင်တော့ ပျဉ်းတော်သိမ်ရွက်၊ ငရုတ်သီးစိမ်း၊ ငရုတ်ပွသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်းတို့ကို တစ်ခုချင်းဆီထည့်လိုက်ပြီး ကြော်ပေးလိုက်ပါ။

ပြီးရင်တော့ ကော်မှုန့်ကို ရေနည်းနည်းရောပြီး ထည့်လိုက်ပါ။ ပြီးရင် ငရုတ်သီးဆော့လ်၊ ရှလကာရည်၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး ခဏလောက်မွှေပေးလိုက်ပါ။ အနှစ်ကပျစ်လာပြီတဲ့အထိမွေပေးပါ။

တကယ်လို့ ပျစ်လာရင် ကြက်သားထည့်လိုက်ပြီးမွှေပေးလိုက်ပါ။ ကြက်သွန်နီထည့်လိုက်ပြီး ၂ မိနစ်လောက်မွေပေးလိုက်ပါ။

ပြီးရင်တော့မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: www.tasty-indian-recipe.com

By: MyFood Myanmar