ဂဏန်းအစပ်ဟင်းလျာကိုတော့ ကြားဖူးကြလောက်ပေမယ့် ကွမ်းရွက်နဲ့ချက်တဲ့ ဂဏန်းအစပ်ကိုတော့ သေချာမရင်းနှီးလောက်ပါဘူး။ ဂဏန်းကတော့ လူတိုင်းကြိုက်နှစ်သက်တဲ့ ပင်လယ်စာတစ်မျိုးဖြစ်ပြီး စားရတာလည်း အလွန်ကို ခံတွင်းလိုက်ပါတယ်။ ဒါ့အပြင် အစပ်အရသာဆိုတော့ ထမင်းနဲ့လည်း အလွန်လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဂဏန်းခြောက်ကောင် (နှစ်ပိုင်းခြမ်းထားပြီး)

ကြက်သွန်ဖြူ သုံးမြွာ၊ ကြက်သွန်နီ နှစ်လုံး

ဂျင်း သုံးဇွန်း (စပတ)၊ မဆလာ (ကုလားလေးမဆလာဆိုပိုကောင်းပါတယ်)

မကျည်းသီးရေဖျော်နဲနဲ၊ သကြား ၂ ဇွန်း (စပတ)၊ ဆား

ငံပြာရည် ၂ ဇွန်း( စပတ)၊ ပဲငံပြာရည်အကြည် တစ်ဇွန်း

နံနံပင် နဲနဲ၊ ကွမ်းရွက် တစ်ရွက်

ချက်နည်း

ဂဏန်းကို ရေစင်စင်ဆေးပြီး ဂျင်း၊ ဆားတို့နဲ့ နယ်၍ ခဏထားပါ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကို ထောင်းထားပါ၊ ကြက်သွန်များကို ငရုတ်သီးခြမ်းခွဲ ၁ဇွန်း၊ အရောင်တင်မှုန့်တို့နဲ့ဆီသတ်ပါ။

ကြက်သွန်ရွှေရောင်သန်းပြီဆိုရင် ဂဏန်းထဲ့လုံးပါ။ ဂဏန်းနီလာရင် ရေ ၁ ပိုင့် ၊ မကျည်းရေ နည်းနည်း ၊ ပဲငံပြာရည်အကြည် တစ်ဇွန်း ထဲ့၊ ကွမ်းရွက် ညှပ်ထဲ့ ပြီး ပွက်ပါစေ။

ဆီပြန်ရေကျန်ကျက် ပြီဆိုရင် မဆလာလေးအုပ် နံနံပင်လေးအုပ်ပြီး အသဲစွဲ ဂဏန်းဟင်းတခွက်ရပါပြီ။

ဓနုဖြူဒေါ်စောရီ – အိသက်