Recipes | ဂဏန်း - Crab | ဟင်း - Curry

ဂဏန်းအစပ် (Chilli Crab)

December 31, 2015

ဂဏန်းအစပ် (Chilli Crab)


Share this on:

စင်္ကာပူရဲ့ အစားအသောက်တွေထဲမှာ ထိပ်တန်းတစ်ခုဖြစ်တဲ့ ဂဏန်းအစပ်ဟင်းကို စင်ကာပူအထိ သွားစရာမလိုဘဲ အိမ်မှာဘဲ အရသာရှိရှိ ချက်ပြုတ်စားနိုင်ဖို့ ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ပင်လယ်စာကြိုက်သူများအတွက်လည်း အလွန်ပါးနံသင့်မှာဖြစ်သလို အစပ်ပါကြိုက်ရင်တော့ အကောင်းဆုံးပဲပေါ့။ ဒါကြောင့် အိမ်မှာမိသားစုတွေနဲ့ လက်ဆုံစားနိုင်ဖို့ အခုပဲချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်းအကြီး - ၂ ကောင်
  • ငရုပ်သီးအနီတောင့် - ၅ တောင့်
  • ငရုပ်သီးခြောက် - ၈ တောင့်
  • မိုးမျှော်ငရုပ် - ၂ တောင့်
  • ကြက်သွန်နီဥသေး - ၆ လုံး
  • ကြက်သွန်ဖြူ - ၈ မွှာ
  • စပါးလင် - ၁ ချောင်း
  • ပဒဲကောမြစ် - ၄ ပြား
  • သံပရာသီး - ၁ လုံး
  • ကြက်ဥ - ၂ လုံး
  • သကြား - ၃ ဇွန်း(စားပွဲတင်ဇွန်း)
  • ဆား - ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)
  • မျှင်ငါးပိ - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ခရမ်းချဉ်သီးဆော့ - ၅ ဇွန်း(စားပွဲတင်ဇွန်း)
  • ဆီ - ၅ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ဂဏန်းတွေရဲ့ ဝမ်းဗိုက်က ချက်ကို ဖြုတ်ပါ။ ကျောရိုးခွံကို ခွာလိုက်ပြီး တစ်ဖက် တစ်ချက်စီမှာရှိတဲ့ ရေယက်များကို ဖယ်ထုတ်ပြစ်ပါ။ ကျောရိုးခွံကို ပြန်ဖုံးထားပြီး ပုံမပျက်ထားပါ။
  2. ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (ငရုပ်သီးအနီတောင့်၊ ငရုပ်သီးခြောက်၊ မိုးမျှော်ငရုပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်) တို့ကို ကြိတ်စက်ထဲရာ ထေည့်ပါ။
  3. ပဒဲကောမြစ်ကို ဓားဖြင့် ပါးပါးလှီးပြီး ၄ ပြားထည့်ပါ။
  4. သံပရာသီး တစ်လုံးကို အရည်ညှစ် ထည့်ပြီး၊ ပါဝင် ပစ္စည်း အားလုံးကို ကြိတ်စက်ဖြင့် ကြိတ်၍ ဆော့ အသင့်ပြု လုပ်ထားပါ။
  5. ဒယ်အိုးကို အပူပေးပြီး ပုံတွင်ပြထားသည့် မျှင်ငါးပိ (Belacan) ၂ ဇွန်း(လက်တစ်ဆစ်ခန့်) လှီးထည့်ပြီး ညက်အောင်ချေ ၍လှော်ပါ
  6. ဆီ မထည့်ရ ပါဘူး။ ငါးပိ အနံ့မွှေး လာပါက ကြိတ်စက်ဖြင့် အသင့် ကြိတ်ထားသည့် ဆော့များ အားလုံးထည့်ပါ။
  7. ဆီ ၅ ဇွန်း၊ သကြား ၃ ဇွန်း၊ ဆား ဇွန်းဝက်၊ ခရမ်းချဉ်သီးဆော့ (Ketchup) ၅ ဇွန်း ထည့်ပါ။
  8. ထို့နောက် ဂဏန်းများပါ ရောထည့်ပြီး မွှေပေးပါ။
  9. ရေနွေး ၂၃၀ မီလီလီတာ(ဂဏန်းရေမြုပ်) ယုံထည့်ပြီး အဖုံးအုပ်၍ ၁၀ မိနစ်ခန့် တည်ထားပါ။
  10. အနည်းငယ် ရေခမ်းသွားပါက ကြက်ဥ ၂ လုံးကို နာနာခလောက်ပြီး လောင်းထည့် လိုက်ကာ တစ်ချက် နှစ်ချက်မျှ မွှေပြီး မီးပိတ်ချ၍ အသင့် စားသုံးနိုင် ပါသည်။ မှတ်ချက်။ ။ Chilli Crab ဂဏန်းအစပ်ဖြစ်ပါ၍ ငရုပ်သီး သုံးမျိုးစလုံးကို အသုံးပြု ထားပါသည်။ အစပ်မကြိုက်ပါက ငရုပ်သီးများ လျှော့ထည့်နိုင် ပါသည်။
Credit: ဇွဲသုသု

Review

User Rating

2.7 (7 Votes)