အားလုံးပဲမင်္ဂလာပါနော်။ တရုတ်ဆန်မုန့်လုံးချိုက တရုတ်နိုင်ငံမှာ နာမည်ကျော်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံ Guangdong ခရိုင်က အစပြုခဲ့တဲ့ ရိုးရာ ဒင်ဆမ်း အစားအစာတစ်ခုဖြစ်ပါတယ်။

အရသာရှိလို့ မြန်မာတို့လည်း ခံတွင်းတွေ့မယ်လို့ယုံကြည်ပါတယ်နော်။

ပြုလုပ်နည်း

  • ကောက်ညှင်းဆန်မှုန့် ၉၀ ဂရမ်
  • ပြောင်းဖူးကော်မှုန့် ၁၀ ဂရမ်
  • အုန်းနို့ ၁၀ ဂရမ်
  • နွားနို့ ၅၀ ဂရမ်
  • သကြားမှုန့် ၅၀ ဂရမ်

  • ထောပတ် ၁၅ ဂရမ်
  • ကြက်ဥ အနှစ် ၁ လုံး
  • သရက်သီး ၂ လုံး
  • အုန်းသီးခြစ် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အုန်းနို့၊ နွားနို့၊ သကြား၊ ထောပတ်၊ ကြက်ဥအနှစ်တို့ကို အတူတူရောလိုက်ပြီး မွှေပေးလိုက်ပါ။

ပြီးရင် ကောက်ညှင်းဆန်မှုန့်ထည့်ပြီး ပြောင်းဖူးကော်မှုန့်ထပ်ထည့်ကာ မွှေပေးလိုက်ပါ။

ပြီးရင်တော့ ခွက်တစ်ခုထဲထည့်လိုက်ပြီး ပေါင်းအိုးထဲထည့်ပေးလိုက်ပါ။

ပြီးရင်ခွက်ကို ကျွတ်ကျွတ်အိတ်နဲ့ အုပ်ပေးလိုက်ပါ။ ပြီးရင်တော့ ပေါင်းပေးလိုက်ပါ။ မိနစ် ၂၀ လောက် ပေါင်းပေးရပါမယ်။

ရရင်တော့ ရေခဲသေတ္တာထဲမှာ ၁ နာရီ ၂ နာရီလောက်ထားထားလိုက်ပါ။

အေးသွားရင်စေးကပ်ကပ်ဖြစ်တော့မှာမဟုတ်ပါဘူး။

သရက်သီးကို အတုံးလေးတွေလှီးလိုက်ပါ။ စောစောကပေါင်းထားတဲ့ ဆန်မု့န်လုံးကို တစ်လုံးချင်းဆီ သရက်သီးထည့်ပြီးလုံးပေးလိုက်ပါ။

ပြီးရင် အပြင်ကနေ အုန်းသီးခြစ်လေး လူးပေးလိုက်ပါ။

ပီးရင်တော့ ရေခဲသေတ္တာထဲမှာ ၄ နာရီလောက်ထပ်ထည့်ထားလိုက်ပြီး သုံးဆောင်လို့ရပါပြီနော်။ တစ်ရက်အတွင်းစားရင် အကောင်းဆုံးပါပဲ။

Source: www.yumofchina.com

By: MyFood Myanmar