တရုတ်ထမင်းကြော်ဆိုတာ အသီးအရွက်တွေ စုံစုံလင်လင်နဲ့ အရမ်းစားလို့ကောင်းပါတယ်။ အိမ်မှာကြော်စားတဲ့သူတွေလည်း ရှိသလို ကိုယ်တိုင်မကြော်တတ်လို့ သူများကြော်ထားတာကိုပဲ စားနေရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်းကြော်တတ်သွားအောင်၊ လုပ်ရတာလည်း လွယ်လွယ်ကူကူနဲ့ ပိုပြီးစားကောင်းသွားအောင် ဘယ်လိုကြော်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

တရုတ်ထမင်းကြော်ဖို့ ဒယ်အိုးထဲကို ဆီ – အနည်းငယ်ထည့်ပြီး အတုံးသေးသေးလေးတွေလှီးထားတဲ့ မုန်လာဥနီ – ခွက်တစ်ဝက်စာ၊ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်းတစ်ဇွန်းစာနဲ့ ပါးပါးသေးသေးလေးတွေလှီးထားတဲ့ ကြက်သွန်နီ – ခွက်တစ်ဝက်စာတို့ကို ထည့်မွှေပါ။

ပါးပါးသေးသေးလေးတွေလှီးထားတဲ့ အနီရောင်ငရုပ်ပွ – ခွက်တစ်ဝက်စာနဲ့ လှီးထားတဲ့ ပန်းဂေါ်ဖီစိမ်း – ခွက်တစ်ဝက်စာထည့်ပြီး မွှေပေးပါ။ ပြီးတာနဲ့ ဘေးဘက်နေရာအလွတ်မှာ ကြက်ဥ – ၃ လုံးကို ခလောက်ပြီး ထည့်လိုက်ပါ။ ပြီးရင်တော့ သမအောင်မွှေပေးရပါမယ်။

ပဲလုံး – ခွက်တစ်ဝက်စာနဲ့ ခြွေထားတဲ့ပြောင်းဖူး – ခွက်တစ်ဝက်စာတို့ကိုလည်း ထည့်ပြီးမွှေပေးပါ။ ထမင်း – ခွက် ၃ ခွက်စာထည့်ပြီး ပဲငံပြာရည် – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ပဲဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်ပြီး သမအောင်မွှေပေးပါ။

ရလောက်ပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ တရုတ်ထမင်းကြော်ကောင်းကောင်းလေးကို ရရှိသွားပါပြီ။

Photo Source: www.tasty.com