ဘယ်အချိန်ပဲဖြစ်ဖြစ် မငြင်းနိုင်သော ပူတင်းလေးပါ။ အချို ပွဲလိုလည်း သုံးဆောင်လို့ရသလို မနက်စာ (သို့) အဆာပြေလည်း စားသုံးလို့ရပါတယ်။ စားပြီးလျှင်လည်း ပြီးပြည့်စုံသောခံစားမှု ကြောင့် တစ်ခုခု စားချင်နေသော အချိန်မှာ နှစ်သိမ့်ပေးသော ပူတင်းလေးဖြစ်ပါတယ်။ လုပ်စားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄ လုံး (ခလောက်ထားပါ)
  • ငှက်ပျောသီး – ၁ လုံး (ပါးပါးကွင်းလေးတွေလှီးထားပါ)
  • နွားနို့ – ၂ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ခရင်မ်ပျစ် – ၃ဝဝ မီလီတာ
  • သကြားညို – ၁⁄၄ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ဗနီလာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Chocolate Chip – ၁/၄ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ပေါင်မုန့်အဖြူ – ၇ ချပ် (အတုံးလေးတွေ လှီးထားပါ)
  • ထောပတ် – စားပွဲဇွန်း ၂ ဇွန်း ခွဲ (အခန်းအပူချိန်နဲ့ ပျော့အောင်ထားပါ)
  • ထောပတ် – စားပွဲဇွန်း ၂ ဇွန်း ခွဲ (အခန်းအပူချိန်နဲ့ ပျော့အောင်ထားပါ)
  • ဆား – အနည်းငယ်

ပြုလုပ်နည်း

  1. အာဗင်ကို ကြိုပြီး ၁၈ဝ – ၁၆ဝ ဒီဂရီ အပူပေးထားပါ။ အာဗင် အသေးအကြီးနဲ့ ပန်ကာ (သို့) ဂတ်(စ်)မီးပေါ်မူူတည်ပြီး အပူချိန် အနည်းငယ်ကွာပါတယ်။
  2. ကင်ရန် မကပ်သော ၅ စင်တီမီတာ ဇောက်အနက်၊ ၁၇ x ၂၈ စင်တီမီတာအကျယ် ကင်ရန်ဗန်းကို ထောပတ်ရည်ဖြင့် အနည်းနှံ့အောင် သုတ်ထားပါ။
  3. ဖန်ဇလုံအကြီးထဲ ကြက်ဥ၊ နွားနို့၊ သကြား၊ ခရင်မ်၊ ထောပတ်ရည်၊ ဗနီလာနှင့် ဆားများအားလုံးထည့်ပြီး ခလောက်တံဖြင့် အားလုံးရောနှံ့သွားအောင် မွှေပါ။
  4. အတုံးလေးများလှီးထားသော ပေါင်မုန့်ချပ်များကို ကင်ရန် ဗန်းထဲသို့ တစ်ဝက်ကို ဖြန့်စီထည့်ပါ။ အပေါ်မှနေ ချောကလက်တုံး အနှံ့ဖြူးပေးပါ။ ပြီးလျှင် ပါးပါးလှီးထားသော ငှက်ပျောကွင်းလေးများ စီတင်ပါ။ ကျန်ရှိသော ပေါင်မုန့်အတုံးလေးများ စီတင်ပါ။ ပြီးလျှင် ချောကလက်တုံးလေးများ အပေါ်မှအကုန်ထပ်ဖြူးပါ။
  5. ဖျော်ထားသော ကြက်ဥနှစ်ရည်ကို ပေါင်မုန့်များထည့်ထားသော ဗန်းထဲ လောင်းထည့်ပါ။ ပြီးလျှင် ၃ဝ – ၃၅ မိနစ် လောက်ဖုတ်ပါ။ (သို့) ကြက်ဥတင်းလာပြီး ရွှေရောင်သန်းလာလျှင် ရပါပြီ။ ပူပူလေး ကြိုက်နှစ်သက်ရာ အချိုပေါ့ကော်ဖီ၊ လက်ဖက်ရည်၊ Herbal Tea တို့ဖြင့် သုံးဆောင်လျှင် လိုက်ဖက်ပါတယ်။