ကျန်းမာရေး - Health

စိတ်ဓာတ်ကျမှုကို ပျောက်ကင်းစေမယ့် ချောကလပ်

May 24, 2017

စိတ်ဓာတ်ကျမှုကို ပျောက်ကင်းစေမယ့် ချောကလပ်


Share this on:

ချောကလပ် စားရင် ၀ိတ်တက်မယ်၊ ကျန်းမာရေးအတွက် မကောင်းဘူးလို့ဘဲ ထင်နေကြပေမယ့် ချောကလပ်မှာလည်း လူတွေအတွက် ကောင်းကျိုးတွေ ရှိပါတယ်။

ချောကလပ် လုပ်တဲ့ ကိုကိုးသီး (Cacao) မှာ စိတ်ဓာတ်ကျမှုကို ပြန်လည်မြင့်တက်စေမယ့် ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

အဲ့ဒီ ကိုကိုးသီး မှာ အဓိက အာရုံကြောနဲ့ပတ်သက်တဲ့ ဓာတ် ၃ မျိုးပါဝင်ပြီး အဲဒီဓာတ်တွေက လူတွေကို စိတ်ပျော်ရွှင်စေကာ အကောင်းတွေးစေပါတယ်။ ဒီ ၃ ခုမှာ Serotonin၊ Dopamine နဲ့ Phenylethylamine တို့ဖြစ်ပါတယ်။

4

ကိုကိုးသီးမှာ အမိုင်နို အက်ဆစ် တိုင်ထိုဖန် နဲ့ Monoamine Oxidase (MAO) တို့ပါဝင်ပါတယ်။ MAO ကို ဆေးဝါးထုတ်လုပ်တဲ့သူတွေက စိတ်ဓာတ်ကျရောဂါရှိသူတွေကို တိုက်တဲ့ဆေးထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ထည့်သွင်းထုတ်လုပ်ခဲ့ကြတာပါ။

2

နှလုံးရောဂါကိုလည်း ကာကွယ်ပေး

တစ်နေ့ကို ချောကလပ် ၆.၇ ဂရမ် စားသုံးရင် နှလုံးရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ Science Daily သတင်းမီဒီယာက ရေးသားဖူးပါတယ်။

ချောကလပ်အမည်းတွေ မှာပါဝင်တဲ့ Flavonoids က နိုက်ထရစ် အောက်ဆိုဒ်ကို ထုတ်လုပ်ပေးပြီး သွေးဖိအားကို ထိန်းပေးပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်အတွက်မကောင်းတဲ့ ကော်လက်စထရော (LDL) ကို ၁၀ ရာခိုင်နှုန်းလောက် လျော့ချပေးပါတယ်။

3

Antioxidants

အမည်းရောင် ချောကလပ်တွေက Antioxidants တွေလည်း အများကြီးပါဝင်ပါတယ်။ အမည်းရောင် ချောကလပ်တွေက အရသာ ကောင်းရုံသာမကဘဲ ဆဲလ်တွေကို ကာကွယ်ပေးနိုင်တဲ့  Antioxidants တွေ အများကြီးပါဝင်ပါတယ်။ စတော်ဘယ်ရီသီးတွေမှာပါဝင်တဲ့ Antioxidants တွေထက် ၈ ဆလောက်ပိုပြီး ပါဝင်ပါတယ်။

Antioxidants က ဆဲလ်တွေကို မပျက်စီးအောင် ကာကွယ်ပေးတဲ့အပြင် ပျက်စီးသွားတဲ့ ဆဲလ်တွေကို အသစ်ပြန်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်တာကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ကာ အရွယ်တင်နုပျိုစေပါတယ်။

Review

User Rating

3 (5 Votes)