(တန်ဘိုးနည်းဝန်ပါ နည်း) ကိုလက်စထရော(သွေးကြောတွင်းအဆီ)သည် ပိန်ခြင်း၊ ဝခြင်း နှင့် မဆိုင်။ ထိုဓါတ်များ လွန်းနေပါက သွေးတိုး၊ နှလုံးရောဂါများ ဖြစ်နိုင်သဖြင့် လူတိုင်း ချလိုကြသည်။ ထိုဓါတ် ကျစေရန် ဆေးအမျိုးမျိုး၊ တန်ဘိုးကြီး နင်္ဂါးမောက်သီးအ ပါအဝင် သစ်သီးများကို ဝယ်ယူစားသောက် ကြရသဖြင့် ကုန်ကျမှု များပြားပါသည်။

နင်္ဂါးမောက်သီးနှင့်ပါတ်သက်၍ အမှတ်တရလေးရပါ။ နှစ်အတော်ကြာပါပီ သီလရှင်ကျောင်း တခုသို့ ရောက်သွားပြီး ဆရာကြီးနှင့် စကားပြောနေစဉ် သီလရှင်လေးမှ ထန်းသီးကင်း သာသာရှိ နီရဲရဲ အသီးတလုံးအားယူသွားကာ ခွဲစိတ်ပြီး လာချပါသည်။ ဆရာကြီးက များများစားပါ။ ယိုးဒယားက ပြန်လာတဲ့ ဒဂါကြီး လာလှူတာ။ မြန်မာငွေဆို ၂၀၀ဝိ ကျော်တယ်။ ကိုလက်စထရော တအားကျတယ်။ နင်္ဂါးမောက်သီး မြင်ရတာကတော့ နှမ်းအမဲစေ့လေးတွေ မြှုတ်ထား သလိုဘဲ။ မကြားဘူး မမြင်ဘူးပါ။ စားကြည့်တော့ သိပ်မကြိုက်။ မြန်မာမှာ မစိုက်ကြသေးတဲ့ အချိန်ပါ။
(လူအများက သီလရှင်မှန်သမျှ ကို ဆရာလေးဟု ခေါ်ဝေါ် ကြသော်လည်း ကျောင်းထိုင်ကို ဆရာကြီးဟု ခေါ်ရသည်။ ကျောင်းထိုင်ကို ဆရာလေးဟု သုံးနှုန်းမိလျှင် အစားကောင်းနှင့် ဧည့်ခံမည် မဟုတ်)။

ဆေးစရိတ် ကုန်ကျများ မည်မဟုတ်ဘဲ တန်ဘိုးနည်း ဝန်ပါနည်းက ကွမ်းရွက်ကို ထုထောင်း။ အရည်ကို စတီးဇွန်း တဇွန်းစာ ရအောင်ညှစ်။ တကြိမ်သောက်။ တရက်ကို (၂)ကြိမ် သောက်ပါ။ (၇)ရက် ဆက်တိုက် သောက်ပါ။ ဆေးရည် သောက်ပြီး ဆေးပြန် စစ်ပါ။ မူလ စစ်ထားသည်ထက် ကိုလက်စထရောများ ကျသွားပြီး ပုံမှန် ဖြစ်သွား သည်ကို တွေ့ ရမည်။

(ဒေါက်တာ ဗမော် GoldMedalist ၏ လက်တွေ့ သုသေသနပြု မှတ်တမ်းမှ ဖေါ်ပြသည်။)