Tips & Stories | ကျန်းမာရေး - Health

အဆစ်ရောင်၊ ကင်ဆာ၊ သည်းခြေအိတ် ရောဂါတွေကို ကုသပေးမယ့် သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်

May 16, 2017

အဆစ်ရောင်၊ ကင်ဆာ၊ သည်းခြေအိတ် ရောဂါတွေကို ကုသပေးမယ့် သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်


Share this on:

သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကို ရောပြီး သောက်သုံးတာက ရှေးခေတ် တရုတ် ဆေးနည်းတစ်မျိုးပါဘဲ။
သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကို ရှေးကတည်းက တရုတ်လူမျိုးတွေက အိမ်တွင်းဆေးဝါးအဖြစ် သောက်သုံးလာကြတာပါ။
သစ်ကြမ်းပိုးခေါက် မှာပါတဲ့ Hydrogen Peroxide က ပျားရည်ထဲရောက်သွားပြီး သောက်သုံးလိုက်ရင် လူ့ခန္ဓာကိုယ်ထဲက ဘေးဖြစ်နိုင်တဲ့ ဘက်ထရီးယားနဲ့ မှိုတွေရဲ့ ကြီးထွားမှုနှုန်းကို ရပ်တန့်စေပြီး ဖယ်ရှားပေးပါတယ်။

088bcfd
နှလုံးရောဂါ

သစ်ကြမ်းပိုးခေါက် အမှုန့်နဲ့ ပျားရည်နဲ့ကို မွှေလိုက်ပြီး ပေါင်မှုန့်နဲ့ နေ့စဉ် မနက်စာအဖြစ် စားသုံးပါ။ သွေးကြောထဲက ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရုတ်တရပ် ရပ်တန့်မှု (heart attack)ကို ကာကွယ်ပေးပါတယ်။
16-natural-remedies-from-honey-and-cinnamon-against-arthritis-heart-diseases-cholesterol-inflammation အဆစ်ရောင်၊ အဆစ်အမြစ်ကိုက်ခဲ့တဲ့ ရောဂ

ရေနွေး ပူပူလေးထဲမှာ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ထည့်ပြီး မနက်တစ်ခါ၊ ညတစ်ခါ သောက်ပေးပါ။ အမြဲတမ်းသောက်ပေးနေရင် နာတာရှည် အဆစ်အမြစ် ကိုက်ခဲမှုတွေကို ပျောက်ကင်းစေပါတယ်။

index
သည်းခြေအိတ် ရောဂါ

ရေနွေးပူပူလေးထဲကို သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ထည့်ပြီး မွှေပါ။ ဒါက သည်းခြေအိတ်ထဲမှာရှိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။

1269aaf
ကိုလက်စထရော

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ရေနွေးကြမ်းထဲ ထည့်ပြီးသောက်ပေးပါ။ သောက်သောက်ပြီးချင်း ၂ နာရီလောက်မှာ သွေးအတွင်း ကိုလက်စထရော ဓာတ် ၁၀ % လောက် ကျဆင်းသွားပါလိမ့်မယ်။

2001
ကင်ဆာ

အစာအိမ် ကင်ဆာ လူနာရှင် တချို့ကလည်း သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည် ရောပြီးစားသုံးပေးရင်းနဲ့ ရောဂါပျောက်ကင်းခဲ့တာမျိုးလည်း ရှိပါတယ်။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ကို သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၁ ဇွန်းအပြည့်နဲ့ ရောပြီး ၃ လလောက် စားသုံးပေးပါ။

 

Review

User Rating

4.7 (3 Votes)