အရသာရှိတဲ့ ဖျော်ရည်တွေနဲ့ အသည်းကို သန့်စင်လို့ရတာ သင်သိပါသလား။

အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ကျန်းမာဖို့ အဓိကကျတဲ့ အင်္ဂါတွေထဲမှာပါဝင်နေပါတယ်။

ဒါ့ကြောင့်မို့ အသည်းကျန်းမာရေးကောင်းအောင် အသည်းထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ဖို့ လိုအပ်ပါတယ်။

အုတ်ဂျုံ နဲ့ သစ်ကြမ်းပိုးခေါက် ဖျော်ရည်

သစ်ကြမ်းပိုးခေါက်ကို ဒီအတိုင်းသောက်ရင် အဝင်ဆိုးပါတယ်။ အုတ်ဂျုံ (ကွေကာအုပ်လုပ်တဲ့အမှုန့်)ကို သစ်ကြမ်းပိုးခေါက်နဲ့ရောသောက်ရင် အရသာလည်းကောင်းပြီး အသည်းကအဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးပါတယ်။

အစာခြေစနစ်ကိုလည်း မြှင့်တင်ပေးပြီး သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို ကျဆင်းစေပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

အုတ်ဂျုံ စားပွဲတင်ဇွန်း ၂ ဇွန်း

ရေ ၁ခွက်စာ (250 ml)

သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (2g)

ပြုလုပ်နည်း

ကွေကာအုပ်ကို ရေနဲ့ ဖျော်ပြီး နာရီအနည်းငယ်ထားလိုက်ပါ။ သစ်ကြမ်းပိုးခေါက်နဲ့ ခုနကအရည်နဲ့ကို ဖျော်စက်ထဲထည့်ဖျော်ပါ။

အိပ်ယာမဝင်ခင် မိနစ် ၂၀၊ ၃၀ လောက် စောပြီးသောက်ပါ။ တစ်ခါသောက်ရင် ၂ပတ်ဆက်တိုက်သောက်ပါ။

သံပုရာသီး အခွံ ရေနွေးကြမ်း

သံပုရာသီးအခွံမှာ ဗီတာမင် စီကြွယ်ဝစွာပါဝင်တာကြောင့် စွမ်းအားမြင့် Antioxidants တွေပါဝင်နေပါတယ်။ ဒီဓာတ်တွေက အသည်းကို သန့်စင်ပေးပြီး ရောဂါတွေကို ကာကွယ်ပေးပါတယ်။

ပါဝင်ပစ္စည်းများ

သံပုရာသီး အခွံ

ရေ ၁ ခွက် (250 ml)

ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း

သံပုရာသီးအခွံကို လှီးလိုက်ပြီး ပွက်ပွက်ဆူနေတဲ့ ရေထဲထည့်ပါ။ ၁၀ မိနစ်လောက်တည်ထားပါ။ ပြီးရင် အရည်ကို စစ်ယူပြီး ပျားရည်နဲ့ ရောသောက်ပါ။ အိပ်ရာမဝင်ခင် မိနစ် ၃၀ လောက် အလိုမှာသောက်ပါ။ နေ့စဉ် ၃ရက် ဆက်တိုက်သောက်ပါ။