အားလုံးပဲ မင်္ဂလာပါ။ ပူအိုက်တဲ့ ရာသီဥတုကို ရောက်လာပြီဆိုရင် အေးမြလန်းဆန်းသွားစေမယ့် ဖျော်ရည်လေးတစ်ခွက်ကို အမြဲရှာဖွေနေတတ်ကြပါတယ်။

အခုတစ်ခါ ဖော်ပြပေးသွားမှာကတော့ မြန်မာလူမျိုးတို့ရဲ့ ဈေးတွေ၊ လမ်းလေးတွေထဲမှာ တွေ့ရလေ့ရှိတဲ့ မုန့်လက်ဆောင်းလုပ်နည်းလေးပဲ ဖြစ်ပါတယ်။

အရသာရှိတဲ့ မုန့်လက်ဆောင်းကို အိမ်မှာ သေချာပြုလုပ်ကြည့်ပြီးတော့ အရသာရှိရှိ သောက်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ

မုန့်လက်ဆောင်းဖတ် – ၁ ပြည်

ထန်းလျက် – ၄၀၀ ဂရမ်

ဆား – လက်ဖက်ရည်ဇွန်း တဝက်

ပြင်ဆင်ပြုလုပ်နည်း

၁။ ဒယ်အိုးကြီးကြီးတစ်ခုထဲမှာ မုန့်လက်ဆောင်းဖတ်တွေကို ထည့်ပြီးရေစိမ်ထားပါ။

၂။ ထန်းလျက်ရည်ကို ပြုလုပ်ဖို့အတွက် ထန်းလျက်တွေကို ဒယ်အိုးတစ်ခုထဲမှာ ရေအနည်းငယ်နဲ့အတူထည့်ကာ မီးအားပြင်းပြင်းနဲ့ ကျိုပေးပါ။

၃။ တအားလည်းမပျစ်၊ တအားလည်မကျဲတဲ့ အနေအထားကိုရောက်ပြီဆိုပါက ဆားအတန်ငယ်ထည့်ကာ ခွက်တစ်ခုထဲပြောင်းထည့်ပြီး ခဏအအေးခံထားပေးပါ။

၄။ ထို့နောက် မုန့်လက်ဆောင်ထည့်သောက်မယ့် ခွက်တစ်ခုကိုယူပြီး မုန့်လက်ဆောင်းဖတ် ကြိုက်သလောက်ထည့်၊ ထန်းလျက်ရည်လိုသလောက်ထည့်ကာ ရေခဲတုံးလေးတွေနဲ့အတူတူ အေးအေးလေး သောက်သုံးနိုင်ပြီဖြစ်ပါတယ်။

Featured Image Source: Yangon Life