အားလုံးပဲ မင်္ဂလာပါ။ ပုစွန်ဟင်းကို အစပ်ချက်လိုက်၊ အချိုချက် ချက်လိုက်နဲ့ ရိုးအီနေလောက်ပြီပေါ့နော်။ ဒါ့ကြောင့် အရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းမယ့် အုန်းနို့ ပုစွန်ဟင်းလျာပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၂ ကောင် (သို့) ၁၄ ကောင်
  • ကြက်သွန်နီ တစ်ခြမ်း
  • တစ်လက်မပတ်လည် အရွယ်အစားရှိ ဂျင်း
  • ငရုတ်သီးတစ်တောင့်
  • အုန်းနို့ စည်သွပ်ဘူးတစ်ဘူး

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ခရမ်းချဉ်သီးနဲ့ သံပုရာသီးတစ်လုံးစီ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းအနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ငရုတ်သီးတို့ကို နုတ်နုတ်စင်း၊ ပါးပါးလှီးထားပါ။ ပုစွန်ကို အခွံချွတ်ပြီး ရေစင်စင်ဆေးပြီးတဲ့နောက်မှာ သံပုရာသီးတစ်ခြမ်းညှစ်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

ထို့နောက် ဒယ်အိုးကို မီးအပူပေးကာ ဆီစားပွဲတင်ဇွန်းတစ်ဇွန်းထည့်ကာ ကြက်သွန်နီထည့်ပြီး မွှေပေးလိုက်ပါ။ တစ်ဆက်တည်းမှာပဲ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးတို့ထည့်ပြီး တစ်မိနစ်၊ နှစ်မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် အုန်းနို့များကို အကုန်လောင်းထည့်လိုက်ပြီး ဆူပွက်လာတဲ့အထိ တည်ထားပါ။

ဆူပွက်လာပါက ကျန်ရှိနေတဲ့ဆားနဲ့ နနွင်းမှုန့်တို့ကို ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ ထိုအချိန်တွင် ခရမ်းချဉ်သီးရဲ့ အစေ့များကို ဖယ်ထုတ်လိုက်ပြီး အနေတော် တုံးထားလိုက်ပါ။

ထို့နောက် ခရမ်းချဉ်သီးကို အိုးထဲထည့်ပြီးနောက် ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးထည့်လိုက်ပါ။ ပြီးမှ  ပုစွန်များထပ်ထည့်ပြီး သံပုရာသီတစ်ခြမ်းထပ်ထည့်ကာ မွှေပေးလိုက်ပါ။ နှစ်မိနစ်ခန့်ကြာတဲ့အခါ ပုစွန်များ ပန်းရောင်သမ်းသွားပါလိမ့်မယ်။

အဲ့ဒီအချိန်ကျမှ ပန်းကန်ပြားထဲပြောင်းထည့်ကာ ထမင်းလေးကို အခုလိုပဲ မှောက်ထည့်ရင်း ကြက်သွန်မြိတ်ထည့်ပြီး အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: picturetherecipe.com