ကော်ဖီသောက်ခြင်းဟာ ကျန်းမာရေး အတွက် ကောင်းကျိုးတွေလည်း ရှိတယ်ဆိုတာ သိလိုက်ရတော့ ကော်ဖီချစ်သူတွေအတွက် သတင်းကောင်း တစ်ခု ဖြစ်စေပါတယ်။ ကော်ဖီတစ်နေ့ ၄ခွက် သောက်ခြင်းဟာ အယ်လ်ဇိုင်းမား ဖြစ်ပွားမှုကို လျှော့ချနိုင်တယ်လို့ အင်္ဂလန် အယ်လ်ဇိုင်းမား တိုက်ဖျက်ရေးဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။

တစ်နေ့မှာ ကော်ဖီ ၃- ၅ခွက် ကနေ သောက်သုံးတဲ့ သက်လတ်ပိုင်းတွေဟာ အသက်ကြီးလာတဲ့ အချိန်မှာ အယ်လ်ဇိုင်းမား ဖြစ်ပွားနိုင်ချေ ၇၀%ထိ လျှော့ချလာနိုင်ကြောင်း သုတေသနပညာရှင်တွေက ဆိုပါတယ်။ ကော်ဖီအတွင်းမှာ ပါဝင်နေတဲ့ ကဖိန်းဓာတ်တွေဟာ အယ်လ်ဇိုင်းမား လှုံ့ဆော်မှုများကို တိုက်ဖျက်ပစ်လိုက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ယူဆရပြီး အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် တိတိကျကျ လေ့လာသွားဦးမည်ဟု ဒေါက်တာဆူဇန်နီ ဆိုရင်ဆန်က ပြောကြားခဲ့ပါတယ်။

elderly-couple-outside-drinking-coffee

သက်လတ်ပိုင်း အရွယ်များအတွင်း ကော်ဖီများများသောက်ခြင်းသည် အယ်လ်ဇိုင်းမား ကာကွယ်ခြင်းအတွက် အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခုဟု သူမက ပြောဆိုခဲ့ပါတယ်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံမှ သုတေသနပညာရှင်များပါ ပူးပေါင်းပါဝင်ခဲ့သည့် ယခုသုတေသန လုပ်ငန်းအတွင်း သက်လတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး (၁၅၀၀)၏ ပုံမှန်ကော်ဖီနှင့် လက်ဖက်ရည် စွဲစွဲမြဲမြဲ သောက်သုံးသော ပမာဏများအလိုက် ခွဲခြားလေ့လာခဲ့ခြင်းဟု သိရပါတယ်။

အရာရာမှာ တန်ဆေး လွန်ဘေး ဆိုတဲ့ စကားလည်း ရှိတာကြောင့် ကော်ဖီကို ၇ခွက်နဲ့ အထက်သောက်သောသူတွေဟာ ရင်တုန်ခြင်း၊ အိပ်ရေးပျက်ခြင်းစသည့် အခြေအနေများ ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။  ကော်ဖီသောက်ရာမှာ အမှုန့်ကို ဖျော်သောက်ခြင်းဟာ အကောင်းဆုံးဖြစ်ပြီး အသင့်ဖျော် အထုပ်တွေကိုတော့ ရှောင်သင့်ပါတယ်။

Source: thaindian