ရောင်စုံငရုတ်ပွသီး

Share this on:

ငရုတ်ပွသီးဟာ အမျှင်ဓာတ်၊ Antioxidants ၊ ဗီတာမင် စီ တို့ ပါဝင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ အရောင်အမျိုးမျိုး ရှိပြီး အရောင်တိုင်းမှာတော့ ဒီလို ဗီတာမင်ဓာတ်တွေ ညီတူညီမျှ မပါဝင်ပါဘူး။ ငရုတ်သီးချည်း တူတာတောင် အနီရောင်ငရုတ်ပွသီးဟာ အစိမ်းရောင်ထက် ဈေးကြီးတာ တွေ့ဖူးကြလား ဒါမှမဟုတ် အစိမ်းရောင် ငရုတ်ပွသီးဟာ ဗိုက်နာတတ်တာကို သတိထားမိပါရဲ့လား၊ ဒါတွေ ဘာလို့ ဖြစ်ရလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပြောပြပါမယ်။

ငရုတ်ပွတွေမှာ အနီ၊ အ၀ါ၊ လိမ္မော်နဲ့ အစိမ်းရောင်ဆိုပြီး အရောင်တွေ ရှိပါတယ်။ သူတို့ကြားက ခြားနားချက်က ဘာပါလိမ့်။

ငရုတ်ပွ အစိမ်းရောင်ဟာ အနီ၊ လိမ္မော်နဲ့ အ၀ါတို့ရဲက အနုသီးပဲ ဖြစ်ပါတယ်။ နည်းနည်းပဲ မှည့်သေးတယ် ဒါပေမယ့် စားလို့ရပြီပေါ့။ မြန်မာလို ဆိုရင်တော့ ရင့်ပြီ ဒါပေမယ့် မမှည့်သေးတဲ့ အခြေအနေပါ။ သူဟာ အနည်းငယ် အခါးအရသာ ရှိတဲ့ အတွက် အစာကြေတဲ့ ပြဿနာကို ဖြစ်စေတာပါ။

အစိမ်းရောင်ဟာ ဘာလို့ ပိုဈေးချိုတာလဲ ?

အစိမ်းရောင်ဟာ ဘာလို့ တခြား အရောင်တွေထက် ပိုဈေးချိုလည်း ဆိုတာတော့ မြန်မြန်ခူးပြီး ရောင်းနိုင်တဲ့ အတွက်ပါ။ တခြားအရောင်တွေကတော့ ခူးဖို့ အချိန်ပေး စောင့်ရတဲ့ အတွက် ဈေးပိုကြီးတာပါ။

ဘယ် ငရုတ်ပွသီးဟာ အာဟာရအဖြစ်ဆုံးပါလဲ ?

ငရုတ်ပွသီး အားလုံးမှာတော့ ဗီတာမင် အေနဲ့ စီ အများကြီး ပါဝင်ပါတယ်။ ဒါပေမယ့် အနီရောင် ငရုတ်ပွကတော့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တဲ့နိုင်တဲ့ ဗီတာကရိုတန်း အစွမ်းက အစိမ်းရောင်ထက် ၁၁ဆ ပိုပါတယ်။ အ၀ါရောင်ကတော့ ဗီတာမင် စီ ဓာတ်ဟာ အစိမ်းရောင်ထက် ပိုပြီး ဗီတာမင်အေနဲ့ ဗီတာကရိုတိန်းကတော့ အစိမ်းရောင်ထက် နည်းပါတယ်။

Credit: huffpost taste

Review

User Rating

4.7 (6 Votes)