ကျောက်ကပ်က ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ကျောက်ကပ်ပျက်စီးရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို မစွန့်ထုတ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ကျောက်ကပ်ကို ဂရုစိုက်သင့်ပါတယ်။

သကြား သို့ ဆား စားသုံးမှုများခြင်း

ဆားစားသုံးမှုများရင် ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ဓာတ်တွေ ပြန်စွန့်ထုတ်နိုင်ဖို့ ကျောက်ကပ်က အလုပ်များများ လုပ်ရပါတယ်။

ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို ကျစေပြီး ခန္ဓာကိုယ်ထဲမျာ ရေဓာတ်များနေကာ သွေးတိုးစေပါတယ်။

သကြားစားသုံးမှုများရင်လည်း ထိုနည်းလိုဘဲ ကျောက်ကပ်ကို အလုပ်ပိုစေပါတယ်။

အသားအများကြီး စားခြင်း

အသားစားတာများပေမယ့် အသားကို အလွန်အကျွံစားသုံးရင် ခန္ဓာကိုယ်ထဲမှာ အက်ဆစ်ဓာတ်တွေ ပိုများစေပါတယ်။ ဒါဆိုကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ pH မျှခြေကို ရောက်နိုင်ဖို့ အလုပ်များများလုပ်ရပါတယ်။

ကြာလာရင် ကျောက်ကပ် ရောဂါဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် အသားချည်းဘဲ မဟုတ်ဘဲ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေပါ ရောနှော စားပေးသင့်ပါတယ်။

Diet Soda တွေအများအားပြား သောက်ခြင်း

Diet Soda တွေသောက်သုံးမှုများသူတွေက ကျောက်ကပ် ပြဿနာကို ဖြစ်စေပါတယ်။ ၂၀၀၉  ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီး ၃ ထောင်ကို  ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ တစ်နေ့ကို Diet Soda ၂ ဗူးအထက် သောက်သူတွေက ကျောက်ကပ် ထိခိုက်တာတွေကို တွေ့ခဲ့ရပါတယ်။

ရေလုံလောက်စွာ မသောက်ခြင်း

ရေဓာတ်လုံလောက်စွာ သောက်ပေးရင် ကျောက်ကပ်က အဆိပ်အတောက်နဲ့ ဆိုဒီယမ်တွေကို ဆီးအဖြစ် ပြန်ထုတ်ပေးဖို့ ကူညီပေးပါတယ်။

အကယ်၍ ရေ လုံလောက်စွာမသောက်ပေးဘူးဆိုရင် ကျောက်ကပ်မှာ ကျောက်တည်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Photos Credit: Brightside