[ကမ္ဘာပေါ်မှာ အရေးအပါဆုံး ကောက်ပင်တစ်မျိုးမှာ ပြောင်းပင်ပဲ ဖြစ်ပါတယ်။ စပါးပြီးရင် ပြောင်းပင်ဟာ အဓိကကျတဲ့ ကောက်ပင်အဖြစ် တန်းတူရှိနေပါတယ်။ ဒါကြောင့်ပဲ ပြောင်းပင်ကို ကမ္ဘာအရပ်ရပ်မှာ စိုက်ပျိုးကြပါတယ်။

ပြောင်းပင်ရဲ့ မူလပင်ရင်းဒေသကတော့ အမေရိကတိုက်ဖြစ်ပြီး ၁၅ရာစုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့ခဲ့ပါတယ်။

ပြောင်းပင်ဟာ တစ်နှစ်တစ်ခါ စိုက်ပျိုးရတဲ့ ကောက်ပဲသီးနှံမျိုး ဖြစ်ပြီး တောင့်တင်း ကြံ့ခိုင်တဲ့ မြက်တစ်မျိုးလည်း ဖြစ်ပါတယ်။

အခြားကောက်ပင်များနည်းတူ အစေ့ကို ပျိုးပြီး စိုက်ပျိုးရပါတယ်။ ဖူးစားပြောင်း တစ်ပင်တည်းမှာ အဖိုပွင့် အမပွင့်ဆိုပြီး နှစ်မျိုးနှစ်စား ပါရှိပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အထွက်ကောင်းအောင် မျိုးစပ်စိုက်ပျိုးခြင်းတွေလည်း ပြုလုပ်ကြပါတယ်။

corn plant

ဖူးစားပြောင်း အထွက်အများဆုံး နိုင်ငံကတော့ အမေရိကန် ဖြစ်ပြီး တောင်အမေရိကနဲ့ အာဂျင်တီးနားတို့က ဒုတိယ လိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မိုးပါးရေရှားတဲ့ ဒေသတွေမှာ ပြောင်းဆန်ကို စားသုံးနေကြပါသေးတယ်။ ပြောင်းဆန်ကို နိုင်ငံခြား ပို့ကုန်အနေနဲ့လည်း ရောင်းချပါသေးတယ်။ မြန်မာနိုင်ငံမှာ ဖူးစားပြောင်းကို အမျိုးအစား ခွဲခြား ထားပါသေးတယ်။ တစ်မျိုးမှာ ဖက်ပြောင်းဖြစ်ပြီး အခြားတစ်မျိုးမှာ စားပြောင်း ဖြစ်ပါတယ်။
ပြောင်းဖူးဖက်လိပ်တဲ့ ဖက်တွေကို ဖက်ပြောင်းကနေ ရပါတယ်။ ယောဖက်လို့လည်း ခေါ်ပါတယ်။

ဖက်ပြောင်းကနေ ရတဲ့ ပြောင်းဆန်ကို ပေါက်ပေါက်ဖောက်ရာမှာ အသုံးပြုသလို ပေါက်ပေါက်ဆုပ် လုပ်ရာမှာလည်း အသုံးပြုပါတယ်။ စားပြောင်းကတော့ ပြုတ်စား၊ ဖုတ်စား၊ ကြော်စား စားသုံး ကြပါတယ်။ မြန်မာတွေ နှစ်သက်တဲ့ အစားအစာတစ်မျိုးပါ။

corn_cook

ပြောင်းဖူးမှာ အာဟာရဓာတ် များစွာပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်ပြီး ဗီတာမင် B5 ၊ ဖောလိပ်၊ ဗီတာမင် စီတို့ အကျိုးညီစွာ ပါဝင်ပါတယ်။  နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်ကို အားကောင်းစေပါတယ်။

အမြင်အာရုံ ကောင်းမွန်ဖို့ ကူညီပေးပါတယ်။ သွေးတွင်းက ကိုလက်စထရောတွေကို ကျစေပါတယ်။

ပြောင်းဖူးဟာ အခြား ဟင်းသီးဟင်းရွက်တွေထက် အာဟာရဓာတ် ပိုမို ပါဝင်ပါတယ်။ ပြောင်းဖူးကို ဆီတွေ သကြားတွေနဲ့ ချက်စားတာထက် စာရင်  ပြုတ်စားတာက ပိုပြီး အကျိုးရှိစေပါတယ်။

Credit: Good Health, Wiki