အားလုံးပဲမဂ်လာပါနော်။ ဒီတခါမှာတော့ ပင်လယ်စာကြိုက်တဲ့ ကလေးတွေအတွက်ပါ။ ဂဏန်းက အခွံမာတော့ စားရတာ သိပ်အဆင်မပြေဘူးဆိုရင် ဂဏန်းသားတွေကို ထုတ်ပြီး ကြော်စားရင်ကော ဘယ်လိုသဘောရလဲ။ အရသာလည်းရှိတယ်။ ကလေးတွေလည်းကြိုက်မယ့် ဂဏန်းသားလုံးကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဆီ
  • နံနံပင် တောက်တောက်စဉ်း အနည်းငယ်
  • ငရုတ်ပွသီး တောက်တောက်စဉ်း အနည်းငယ်
  • ကြက်သွန်မြိတ် တောက်တောက်စဉ်း အနည်းငယ်
  • ကြက်သွန်ဖြူတောက်တောက်စဉ်း အနည်းငယ်

  • ငရုတ်သီး မှုန့်အနည်းငယ်(ကလေးတွေစားဖို့ဆို ငရုတ်သီးမထည့်လည်းရတယ်နော်။)
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • Dijon Mustard (မုန်ညှင်းနက်အစေ့မှထုတ်လုပ်ထားသည့် အဝါရောင်စားမြိန်ရည်ပျစ်) အနည်းငယ်
  • ကြက်ဥအကာ စားပွဲတင်ဇွန်း ၂ ဇွန်း

Source: Maine Lobster Now

  • Worcestershire sauce ဆော့လ် အနည်းငယ်
  • ပေါင်မုန့် အမှုန့် ခွက် ၁/၄ ပုံ
  • ဂဏန်းသား
  • တို့စားရန်အတွက်ဆော့လ်တစ်မျိုးမျိုး

ပြုလုပ်နည်း


မကပ်တဲ့အိုးကို အပူပေးပြီးဆီနည်းနည်းထည့်ပါ။ နံနံပင်၊ ငရုတ်သီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဆား နဲ့ ငရုတ်ကောင်းတို့ကိုထည့်လိုက်ပါ။ ၇-၈ မိနစ်အထိကြော်ပေးပါ။

အသီးအအရွက်တွေနူးညံ့လာပြီဆိုရင်တော့ ပန်းကန်တစ်ခုထဲထည့်ပါ။

အဲဒီထဲကို Mustard ထည့်လိုက်ပါ။ ကြက်ဥအကာ, Worcestershire Sauce တို့ကိုရောလိုက်ပါ။ ပေါင်မုန့်အမှုန့်တွေထည့်လိုက်ပြီး သေချာရောပေးပါ။

ဂဏန်းသားထည့်ပါ။ အဲဒီနောက် သေချာနယ်ပေးလိုက်ပြီး အလုံးလေးတွေလုပ်လိုက်ပါ။

ပြီးရင်တော့ ဆီပူပူထဲထည့်ကြော်ပေးလိုက်ပါ။

ဒီအတိုင်းစားလို့လည်းကောင်းသလို ထမင်းပူပူနဲ့စားရင်လည်း ကွက်တိပဲနော်။

Photo: www.fifteenspatulas.com

By: MyFood Myanmar