မင်္ဂလာပါ။ ဂဏန်းလို့ဆိုလိုက်ရင် ကလေးရော လူကြီးပါ သဘောကျနှစ်ခြိုက်ကြပါတယ်။ လူကြိုက်များပေမယ့်လည်း ဈေးကြီးလှတဲ့ ဂဏန်းကို ရာသီချိန်မှာ အရသာရှိရှိ စားသုံးနိုင်ဖို့အတွက် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂဏန်း – ၂ ကောင်
  • နို့စိမ်း – ၂၀၀ ဂရမ်
  • ကြက်ဥ – ၄ လုံး
  • သကြား – ၆ ဇွန်း (စားပွဲတင်ဇွန်း)
  • ငံပြာရည် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သားမှုန့် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆီနီ (အရောင်) – ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်နီ – ၂ လုံး
  • ငရုတ်ပွ – ၁ လုံး
  • ကြက်သွန်မြိတ်
  • ရှမ်းနံနံ
  • တရုတ်နံနံ
  • Curry Powder – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆီ – ၂၀၀ ဂရမ်

ပြင်ဆင်ချက်ပြုတ်နည်း

  1. ဂဏန်းကို အပေါ်ကအခွံခွာပြီး ရေဆေးပြီး ငံပြာရည်၊ ကြက်သားမှုန့် နဲ့နယ်ပြီး မီးမများပဲ ကြော်ပေးပါ။ အရောင် ရလာပြီး ကျက်ပြီဆိုရင် ဆီစစ်ထားပါ ။
  2. ခွက်တလုံးထဲကို နို့စိမ်း ၊ ကြက်ဥ ၊ သကြား ၊ Curry Powder ၊ ဆီနီ(အရောင်ထည့်ပြီး) မွှေထားပါ။ ကြက်သွန်နီကို ၈ စိပ်လှီးပါ ။ ငရုတ်ပွကို စောင်းစောင်းရှည်ရှည်လှီးပါ ။ ကြက်သွန်မြိတ် ၊ ရှမ်းနံနံ ၊ တရုတ်နံနံလက် တဆစ်လောက် လှီးဖြတ်ထားပါ။
  3. ဆီကို အိုးမကပ်ယုံထည့်ပါ ။ ကြက်သွန်နီ ၊ ငရုတ်ပွထည့်ကြော်ပါ ။ နည်းနည်းမွှေးလာရင် ဂဏန်းထည့်ပါ။
  4. ပြီးရင် ဖျော်ထားတဲ့ နို့စိမ်းအရည်ကို ထည့်လိုက်ပါ ။ မီးအေးအေးနဲ့ ခဏပဲ ချက်လိုက်ပါ။
  5. ဆီနည်းငယ် ပြန်လာရင် ငံပြာရည်ထည့်ပြီး တရုတ်နံနံ ၊ ရှမ်းနံနံ ၊ ကြက်သွန်မြိတ် တွေထည့်ပြီး အရသားစမ်းကြည့်ပြီး စားသုံးလို့ရပါပြီ။

Credit: Lashio Chef