လူတွေက အစားအစာတွေကို အမြဲတမ်း တီထွင် စားသောက်နေကြတာပါ။

ပေါင်မုန့် အာလူးချောင်းကြော် ညှပ်

ပြင်သစ် အာလူးချောင်းကြော်ကို သက်သက်ဘဲ စားကြတာများပါတယ်။ ဒါပေမယ့် ဗြိတိန်မှာတော့ အာလူးချောင်းကြော်ကို ပေါင်မုန့်ကြားထဲညှပ်ပြီး စားသောက်ကြပါတယ်။ တခါတရံ တခြားဟမ်ဘာဂါတွေလိုပဲ ပေါင်မုန့်၂ ချပ်ကြားထဲမှာ မိုင်ယိုနီးစ်၊ ဆော့စ်တို့ ထည့်ကြပါတယ်။

စည်သွပ်ဗူး ဟမ်ဘာဂါ

ဟမ်ဘာဂါတွေဆိုရင် ဆိုင်မှာ ချက်ချင်းလုပ် ချက်ခြင်းစားတာတွေကိုပဲ မြင်ဖူးကြမှာပါ။ ဒါပေမယ့် စည်သွပ်ဗူးထဲထည့်တဲ့ ဟမ်ဘာဂါတွေလည်း ရှိလာပါပြီ။ The Adventure Company က ထုတ်လုပ်တာဖြစ်ပြီး Trekking Burger လို့နာမည်ပေးထားပါတယ်။ တောင်တက်၊ adventure trip သွားသူတွေ ယူသွားလို့ရအောင် ထင်ပါတယ်။ အဲ့ဒီ စည်သွပ်ဗူး ဟမ်ဘာဂါကို ရေနွေးထဲထည့်ပြုတ်လိုက်ရုံနဲ့ စားလို့ရပြီလို့ ပြောပါတယ်။

Spahetti ဒိုးနက်

ဒီတခါလည်း ထူးထူးဆန်းဆန်းပါဘဲ။ Spahetti ဒိုးနက်တဲ့။ အများအားဖြင့် ချောကလပ် ဒိုးနက်၊ ယိုတွေ သုတ်ထားတဲ့ အုန်းသီးတွေ ဖြူးထားတဲ့ ဒိုးနက်ဘဲ ကြားဖူးပါတယ်။ အဓိကတော့ ပျော်ပွဲစားထွက် Picnics တဲ့အချိန်မှာ သယ်သွားနိုင်အောင် ရည်ရွယ်ပါတယ်။

Tamago Gohan

ကြက်ဥကို အများအားဖြင့် ချက်ပြုတ် ကြော်လှော်ပြီးမှ စားတတ်ကြပါတယ်။ ဂျပန်မှာရှိသည့် Tamago Gohan က ချက်ပြီးသားထမင်းပူပူပေါ်ကို ကြက်ဥအစိမ်းဖောက်ထည့်ပြီး အပေါ်ကနေ ပဲငံပြာရည်၊ နှမ်းစေ့လေးတွေဖြူးပြီး စားကြပါတယ်။

ကြက်သွန်မြိတ် ရေခဲမုန့်

ရေခဲမုန့်ကို အရသာပေါင်းမျိုးစုံနဲ့ ရောင်းချနေကြပါတယ်။ ဒါပေမယ့် ဒီရေခဲမုန့်ကတော့ ကြက်သွန်မြိတ် Topping လေးနဲ့နော်။