Cream Caramel Pudding

Share this on:

အကင်အိုးလေး နဲ့ဖုတ်တဲ့ ”Cream Caramel Pudding” အမြင်လဲလှ အရသာလဲ အရမ်းရှိ မြည်းကြည့်ပါဦးနော် ။

cream caremel pudding 1

 

ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၆ လုံး
  • နွားနို့ - ၃၀၀ ml (အသင့်ကျိုပြီး)
  • သကြား - ၅ ဇွန်း (ထမင်း စားဇွန်း)
  • ဆား - အနည်းငယ်

ပြုလုပ်နည်း

  1. သကြား ၂ ဇွန်း ခန့်ကို သကြားတူးရေ အရင်ပြုလုပ်ပြီး မုန့်ဖုတ်မယ့် ဗန်းအောက်ခြေ အနှံ့ ဖြန့်ပေးထားပါ ။
  2. နွားနို့ ၊ ကြက်ဥ ၊ သကြား ၊ ဆား တို့ကို Whisker ဖြင့် နှံ့အောင် ခလောက် (သို့မဟုတ်) Blender ဖြင့်မွှေပါ ။
  3. အသင့်ဖြစ်ချိန် သကြားတူးရေ ဖြန့်ထားတဲ့အပေါ် အသာအယာ လောင်းထည့်ပြီး အပူချိန် 175°C ဖြင့် အချိန် ၃၀ မိနစ် မှ ၃၅ မိနစ် ခန့် ဗန်းအထူအပါး ပေါ်မူတည်ပြီး အချိန်ကို လိုသလို ညှိပေးပါ ။
  4. မုန့်ကျက်ပြီဆိုရင် အခြားဗန်း တစ်ခုထဲ Up Side Down ထည့်လိုက်မှ Cream Caramel က အပေါ်မှာ လှလှလေး ဖြစ်နေမှာပါ ။
  5. နာရီဝက်ခန့် စောင့်ပြီးမှ လိုသလို တုံးပေးပါ ။ အချိန်ပေးနိုင်ရင် ရေခဲသေတ္တာ ထဲထားပြီး အေးမှ တုံးပေးပါ ။
  6. လုပ်ရလွယ်ကူ စားရကောင်း ခံတွင်းထဲ နူးနူးညံ့ညံ့ ဖြစ်တဲ့ Cream Caramel Pudding ပါ ။
Credit: ခင်မဒီ (20.7.16)

Review

User Rating

3.3 (12 Votes)