ပူတင်းဆိုရင် ကြက်ဥပူတင်းလောက်ပဲ စားကြတာများပါတယ်။ ဒါကြောင့် ချောကလက်ချစ်သူတွေနဲ့ ပူတင်းချစ်သူလေးတွေအကြိုက်တွေ့စေဖို့ ချောကလက်ပူတင်းပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ နာမည်ကြားရုံနဲ့တင် စားချင်စရာကောင်းနေပါပြီ။ ဒါ့အပြင် လုပ်ရတာလည်း ထင်သလောက်မခက်ခဲတဲ့အတွက် အဆင်ပြေစေမှာပါ။

ချောကလက်ပူတင်းပြုလုပ်ဖို့အတွက် ချောကလက် – ၅၀ ဂရမ်ကို ဓားနဲ့ပါးပါးသေးသေးလေးတွေဖြစ်အောင်၊ ကြေသွားအောင် လှီးပေးပါ။

ပန်းကန်တစ်လုံးထဲကို သကြား – ခွက်တစ်ဝက်စာ၊ ချောကလက်အမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဆား – လက်ဖက်ရည်ဇွန်း လေးပုံပုံ တစ်ပုံစာတို့ကို ထည့်ပြီးမွှေပေးပါ။ ပြီးရင်တော့ နွားနို့ (Whole Milk) – ခွက် ၂ ခွက်စာထည့်မွှေပေးပါ။

မီးဖိုပေါ်တင်ပြီး အပူရှိန်ကို Medium လောက်ထားကာ မွှေနေပေးပါ။ နည်းနည်းပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်တော့ ပထမဆုံးဓားနဲ့လှီးထားတဲ့ ချောကလက်အကြေတွေကို ထည့်ပေးပါ။ Heavy Cream – စားပွဲတင်ဇွန်း ၃ ဇွန်းစာကိုလည်း ထည့်ပြီး သေချာလေးမွှေပေးပါ။

မွှေပြီးသွားရင်တော့ မီးပိတ်ပြီး Vanilla Extract – လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး ထပ်မွှေပေးပါ။ သေချာလေးမွှေပြီးပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး အပူဒဏ်ခံနိုင်တဲ့ ပန်းကန်တွေထဲကို ပြောင်းထည့်ပေးပါ။ ပြီးရင်တော့ အပြင်မှာပဲ ခဏအအေးခံထားလိုက်ပါ။ အေးသွားပြီဆိုရင်တော့ ဒီတိုင်းစားလို့လည်းရသလို၊ ရေခဲသေတ္တာထဲမှာ နာရီဝက်၊ တစ်နာရီလောက်ထည့်ထားလို့လည်း ရပါတယ်။

နောက်ဆုံးမှာစားတော့မယ်ဆိုရင်တော့ အပေါ်ကေ သင်ကြိုက်နှစ်သက်ရာ Topping လေးတွေတင်ပြီး စားလို့လည်းရပါသေးတယ်။ ဒါဆိုရင်တော့ အရသာရှိပြီး ထူးခြားတဲ့ ချောကလက်ပူတင်းကို ရရှိသွားပါပြီ။

Photo Source: www.homecookingadventure.com