အားလုံးပဲ မင်္ဂလာပါ၊ အာလူးကြော်၊ အာလူးဟင်း၊ အာလူးကတ်သလစ်မျိုးစုံ လုပ်စားရတာ ရိုးအီနေသူတွေအတွက် အရသာအသစ်အဆန်းလေးဖြစ်သွားအောင် နို့အရသာကဲထားတဲ့ အာလူးထောင်းပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အလတ်စားအာလူး ၄ ပေါင်ခန့်
  • နွားနို့ပူပူလေး ၁ ခွက်
  • ထောပတ်အခဲ ၂၂၆ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • နံနံပင် (သို့) ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

ပြုလုပ်နည်း

အာလူးများကို အခွံခွာပြီး ပိုအရသာရှိဖို့အတွက် အာလူးပေါ်က အနာအဆာတွေကိုပါ တစ်ခါတည်း ခြစ်ထုတ်ထားပါ။ ထို့နောက် အိုးထဲထည့်ပြီး မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ပြုတ်လိုက်ပါ။

ဒုတိယအဆင့်အနေနဲ့ အာလူးပြုတ်များကို မွှေစက်ထဲထည့်ပြီး ကြိတ်ချေလိုက်ပါ (မွှေစက်အသုံးမပြုချင်ပါက ကြိတ်ဆုံထဲမှာပဲ ထည့်ထောင်းပေးပါ) ပူနေသောနွားနို့ကို အိုးထဲကို ဖြည့်ညှင်းစွာလောင်းထည့်ပါ။

မွှေနေတဲ့အချိန်မှာပဲ ထောပတ်အခဲသေးသေးလေးများကို စက္က္ကန့်အနည်းငယ်စီခြားပြီး အိုးထဲထည့်ပါ။ အာလူးနဲ့ ထောပတ်များ တစ်သားတည်းဖြစ်သွားပါက ဆားအနည်းငယ်ထည့်ပြီး အရသာမြည်းစမ်းကြည့်ပါ။

ထို့နောက်အာလူးထောင်းများကို ပန်းကန်ထဲသို့ထည့်ကာ ဆီအနည်းငယ်၊ နံနံပင် (သို့) ကြက်သွန်မြိတ်ထည့်လိုက်မယ်ဆိုရင် အရသာပြီးပြည့်စုံတဲ့ နို့အရသာအာလူးထောင်းကို သုံးဆောင်နိုင်ပါပြီ။

Source: natashaskitchen.com