အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တို့ထဲမှာ ရေခဲချောင်းကြိုက်ကြသူများပါလားရှင့်။

ရေခဲချောင်းကို ကလေးတွေပဲကြိုက်တာမဟုတ်ပါဘူးနော်။ ရာသီဥတု အလွန်ပူတဲ့အခါ ရင်ထဲအေးမြသွားစေဖို့ ရေခဲချောင်းလေးတွေက ကူညီပေးနိုင်ပါတယ်။

အခုတစ်ခါမှာတော့ ရေခဲချောင်းဝယ်စားတော့မယ်ဆိုရင် လူကြိုက်များတဲ့ ပဲရေခဲချောင်းလုပ်နည်းလေးကို ပြောပြပေးသွားမှာပါ။

ပါဝင်ပစ္စည်းများ

  • ပဲနီ – ခွက်တစ်ဝက်
  • နို့ – ၁ ခွက်
  • နို့ဆီ – ခွက်တစ်ဝက်

ပြင်ဆင်ပုံ

၁။ ပဲနီလေးတွေကို အလတ်စားအိုးတစ်လုံးထဲမှာထည့်ပြီး ရေကိုလည်း ပဲနီလေးတွေမြုပ်အောင်ထည့်ပြီး ၃ နာရီစိမ်ထားပါ။

၂။ စိမ်ထားပြီးသား ပဲနီလေးတွေကို ရေစစ်လိုက်ပြီး အလတ်စားအိုးတစ်ခုထဲပြောင်းထည့်ပါ။ ရေအေးကို ပဲနီမြုပ်တဲ့အထိထည့်ပြီး မီးအနေတော်မှာ တည်ပေးပါ။

၃။ ပွက်လာပြီဆိုရင် မီးလျှော့လိုက်ပြီး ပဲနီလေးတွေနူးသွားတဲ့အထိ ခဏထားလိုက်ပါ။

၄။ ပြီးရင်ပဲနီတွေကို ထုတ်လိုက်ပြီး ရေအေးလေးနဲ့ သေချာဆေးပြီး စစ်ပါ။

၅။ ပြုတ်ပြီးသား ပဲနီလေးတွေကို နို့နဲ့အတူ ကြိတ်စက်ထဲထည့်ကာ အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအထိ စက္ကန့် ၃၀ လောက်ဖြည်းဖြည်းချင်း ကြိတ်ပါ။

၆။ နို့ဆီထည့်ပြီး နောက်ထပ် ၅ စက္ကန့်လောက်ထပ်ကြိတ်ပေးပါ။

၇။ ရလာတဲ့အနှစ်ကို ရေခဲချောင်းကတော့ခွက်ထဲထည့်ပြီး မိနစ် ၃၀ ကြာ ဒါမှမဟုတ် ခဲသွားတဲ့အထိ ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။

၈။ ခဲသွားပြီဆိုရင် အလွယ်တကူ ထုတ်ယူနိုင်ဖို့အတွက် ရေခဲချောင်းကတော့ခွက်အပြင်ကို ရေအေးနဲ့ ၃ စက္ကန့်လောက်လောင်းလိုက်မယ်ဆိုရင် အလွယ်တကူ ထုတ်ယူကာ အရသာရှိရှိ စားသောက်နိုင်ပါပြီ။