အီကြာကွေး ဆိုတဲ့ နာမည်က ကွေး ပါပြီး ဖြောင့်တန်းနေတဲ့ မုန့်တစ်မျိုးကို စိတ်ဝင်စားမိတာတော့ အမှန်ပဲ။ သူ ဘယ်ကလာလဲ? ဘယ်သူတွေ စားလဲ? ဘယ်လို လုပ်လဲ?

အီကြာကွေးကို Youtiao လို့ အမည်တွင်ပြီး Chinese Cruller, Chinese Oil Stick, Chinese Doughnut ဆိုပြီး လူသိများပါတယ်။ မလေး၊ အင်ဒိုနဲ့ စင်ကာပူမှာတော့ Char Kway/Cakwe/Kueh/Kuay လို့ ခေါ်ပါတယ်။ သူက ဇာတိမူလကတော့ တရုတ် ဆီကပါ။ တရုတ်ရိုးရာ အစားအစာ တစ်ခုဖြစ်ပြီး မနက်စာအဖြစ် စားသုံးကြသူများပါတယ်။ ဘယ်လို ပေါ်ပေါက်လာလဲဆိုတာကတော့ တရုတ်တွေရဲ့ ပါးစပ်ရာဇ၀င်အရတော့ Yue Fei ဆိုတဲ့ တရုတ်သူရဲကောင်းဆီကနေ စတင်ခဲ့ပါတယ်။

Fish Congee

အီကြာကွေးကို တရုတ်တွေကတော့ မနက်စာအဖြစ် နှစ်သက်စွာ စားသုံးကြပြီး မြန်မာမှာလည်း နံနက်ခင်းစာ အဖြစ် စားသုံးကြပါတယ်။ အလွယ်တကူ ၀ယ်ယူနိုင်ပြီး ဈေးလည်းသက်သာတဲ့ အတွက် စားသုံးကြသူ  များပါတယ်။ နွားနို့၊ လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်ဟင်းခါး စတာတွေနဲ့ တွဲဖက် စားသုံးကြပြီး ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်တို့နဲ့လည်း စားသုံးကြပါတယ်။ ပဲအီကြာ ဆိုပြီး ပဲပြုတ်နဲ့ ကြက်သွန်ကြော်ဆီသတ်နဲ့ ရောပြီး စားကြသူတွေလည်း ရှိပါတယ်။

Stove

အီကြာကွေးမှာ အဓိက ပါဝင်တာတွေကတော့ ဂျုံမှုန့်နဲ့ သကြားပါ။ ဂျုံမုန့်ကို မုန့်ဖုတ်ဆိုဒါ၊ဆားတို့နဲ့ သမအောင် ရောမွှေညပီး မုန့်ပွဆေးကို ရေဖျော်ပြီး ထည့်ပါတယ်။ ပြီးရင် ထပ်ပြီး သမအောင် မွှေပါတယ်။ ချောလာတဲ့ အထိ နယ်ရပါတယ်။ ဂျုံမှုန့်ဖြူးထားတဲ့ စားပွဲပေါ် တင်ပြီး မုန့်သားကို အညီအမျှ ၂ပိုင်း ခွဲစေပြီး ညီအောင် ညှိယူရပါတယ်။ နှစ်သက်တဲ့ အရွယ် အပိုင်း ၂ခုစီ ဖြတ်ညပီး ၂ခုထပ်ကာ ၄၅ မိနစ်ခန့် အချဉ်ဖောက်ရပါတယ်။ အီကြာကွေးကို ဆီပူပူမှာ ကြော်ရပါတယ်။ ဆီပူပူမှာ အချဉ်ဖောက်ထားတဲ့ မုန့်သား၂ခုကို လှိုင်းအရာလေး ပေးပြီး ဟိုဖက်ဒီဖက် ဆွဲဆန့်ပြီး ထည့်ကြော်ရပါတယ်။ ကြော်တဲ့အခါမှာ ၀ါးတံလေးနဲ့ ဟိုဖက်ဒီဖက် လှန်ပေးရပါတယ်။ ကြွပ်ရွနေတဲ့ ရွှေအိုရောင် ရပြီဆိုရင်တော့ ဇကာထဲ ဆီစစ်ပြီး စားလို့ ရပါပြီ။ ပူတုန်းလေးမှာ ကြွပ်ကြွပ်လေး စားရင် ပိုကောင်းပါတယ်။

အဓိက ပါဝင်ပစ္စည်းတွေကတော့

  • ဂျုံ မှု
  • ရေ
  • ဆား
  • ဆီ
  • သကြား
  • မုန်.ပွဆေး
  • မုန်.ဖုတ်ဆိုဒါ