ကိုရီးယားကြက်အကြွပ်ကြော် Crispy Korean Fried Chicken (Dakgangjeong)

Share this on:

Crispy Korean Fried Chicken (Dakgangjeong) – ကိုရီးယား ကြက် အကြွပ်ကြော်သည် အနံ့ အရသာဖြင့် ပြည့်စုံပြီး ကလေးများ အလွန်ကြိုက် နှစ်သက်သလို ၊  လူကြီးလူငယ်များလည်း သူငယ်ချင်းများ ဝိုင်းဖွဲ့ စားသောက်သောအခါ ၊ ပါတီပွဲများ ပြုလုပ်သည့် အခါ အလွန် စားကောင်းလှသည့် အစားအစာ တစ်ပွဲလည်း ဖြစ်ပါသည်။

11954842_1641376652808380_252131740002722525_n   11209586_1641376789475033_3817934416906315821_n

ပါဝင်ပစ္စည်းများ

  • ကြက်သား - ၁ ကီလိုခွဲ (တစ်ကောင်)
  • ဆား - ဇွန်းတစ်ဝက် (လဖက်ရည်ဇွန်း)
  • ငရုပ်ကောင်းမှုန့် - ဇွန်းတစ်ဝက် (လဖက်ရည်ဇွန်း)
  • ဂျင်း - (အနည်းငယ်)
  • (ဆော့ပြုလုပ်ရန်)
  • ဆီ - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ - ၄ မွှာ (နုပ်နုပ်စဉ်းပါ)
  • ငရုပ်သီး အရှည်ခြောက် - ၅ တောင့် (လက်တစ်ဆစ်ခန့်လှီးပါ)
  • ပဲငံပြာရည် အကြည် (Soy-Sauce) - ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • Rice-Syrup - ၈ ဇွန်း (စားပွဲတင်ဇွန်း) = ပုံဖြင့် ပြထားသည်။
  • ရှာလကာရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • Mustard Sauce - ၁ ဇွန်း (စားပွဲတင်ဇွန်း) = ပုံဖြင့် ပြထားသည်။
  • သကြား အညို - ၁ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ကြက်သား ၊ ဆား ၊ ငရုပ်ကောင်းမှုန့် ၊ ဂျင်း တို့ဖြင့် ကြက်သားကို ရောနယ်ပြီး နှပ်ထားပါ ။
  2. ထို့နောက် ဇလုံတစ်ခုထဲတွင် Potato Starch (အာလူးအကြော်မှုန့်) ၊ မရှိရင် Corn Starch (ပြောင်းဖူးအကြော်မှုန့်) သုံးလို့ ရပါတယ် ။ အကြော်မှုန့်များဖြင့် ကြက်သား တစ်တုံးစီအား လူးပေးပါ ။
  3.  ကြက်သားကိုပိုပြီး ကြွပ်ရွ(Crispy)ဖြစ်စေရန် ၂-ကြိမ် ကြော်ပေး ရပါတယ် ။
  4. ကြက်ကြော်ထားသည့် ဆီထဲသို့ ဇကာခံပြီး မြေပဲ လက်တစ်ဆုတ်စာကို ၃၀ -စက္ကန့် ထည့်ကြော်ပါ ။(မြေပဲအရောင်ပြောင်းလျှင်) ဆယ်ယူပြီး ပန်းကန် တစ်ခုထဲသို အသင့် ထည့်ထားပါ ။
  5. ထို့နောက် မီးကို တစ်ဝက်ချပြီး ကြက်သားများကို ဒုတိယအကြိမ် ရွှေဝါရောင်ပေါက်သည်ထိ ကြော်ပြီး ဇကာဖြင့် ဆီစစ်ထားပါ ။
  6. (ဆော့ပြုလုပ်နည်း)
  7. ဒယ်အိုး တစ်ခုထဲသို့ ဆီ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးအရှည်ခြောက် ၊ ပဲငံပြာရည်အကြည် (Soy-Sauce) ၊ Rice-Syrup ၊ ရှလကာရည် ၊ Mustard Sauce ၊ သကြားအညိုတို့ အားလုံးကို ရောထည့်ပြီး မီးအေးအေးဖြင့် မွှေပေးပါ ။
  8. အနံ့မွှေးလာပါက ဆီ စစ်ထားသည့် ကြက်ကြော်များ ရောထည့်ပြီး သမအောင် မွှေပေးပါ ။  ထို့နောက် အသင့် ကြော်ထားသည့် မြေပဲကို အနည်းငယ် ထောင်းပြီး ထည့်ကာ အရသာရှိစွာ စားသုံးနိုင်ပါသည် ။
Credit: ဇွဲသုသု

Review

User Rating

3.2 (6 Votes)