အားလုံးပဲမင်္ဂလာပါနော်။ ပဲပြုတ်ကို အမြဲတမ်း အပြုတ်ပဲ စားနေလို့ ရိုးနေပြီလား။ ဒီတခါမှာတော့ ပဲပြုတ်အခြောက်ကင်လေး လုပ်စားရအောင်ပါ။

အရမ်းလည်းအရသာရှိပြီး ထမင်းနဲ့နှယ်စားစား ဒီအတိုင်းပဲစားစား အရသာရှိနေမှာပါ။

ပဲပြုတ်က အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ပရိုတင်းဓာတ်လည်းကြွယ်ဝပါတယ်။ ဒါ့ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ နှလုံးအတွက်လည်းကောင်းမွန်တဲ့အစားအစာဖြစ်ပါတယ်နော်။

ပဲပြုတ်ပြီးသားကို ဝယ်ပါ။ ဒါမှမဟုတ် အိမ်မှာပဲ ကိုယ့်ဘာသာကိုယ်ပြုတ်လိုက်လည်းရပါတယ်။

Oven လေးရှိရင်တော့ ပိုအဆင်ပြေပါတယ်။ မရှိရင်တော့ Pan အိုးလေးနဲ့ ကင်လို့ရပါတယ်နော်။

အရင်ဆုံး အဲဒီအပေါ်မှာ စက္ကူလေးတစ်ခုခံရမှာဖြစ်ပါတယ်။ အကင်တွေကင်တဲ့နေရာမှာသုံးတဲ့ စက္ကူမျိုးပါ။

အဲဒီအပေါ်မှာ ပဲပြုတ်ကိုတင်လိုက်ပါ။ ပြီးရင် ဆား၊ ငရုတ်သီး၊ ဆီ စသဖြင့် ထည့်ပြီး မွှေလိုက်ပါ။

ပြီးရင် Oven ထဲ ထည့်ပြီး ကင်လို့ရသလို၊ Pan အိုးထဲမှာပဲ ထားပြီး အခြောက်ကင်ပေးလို့ရပါတယ်။

လုံးဝခြောက်သွားတဲ့အထိထားပါ။

Source: www.lemonblossoms.com