သခွားသီးဟာ မြန်မာတို့ အဖို့ အစိမ်းစားတဲ့ အသီးဖြစ်ပြီး သုပ်စား၊ တို့စရာအဖြစ် စားကြတာများပြီး ချက်စားကြတာ နည်းပါတယ်။ ဖျော်ရည်အဖြစ် သောက်ကြတာကတော့ မရှိသလောက် နည်းပါတယ်။ Detox Water အဖြစ် သောက်ကြတဲ့ အထဲမှာတော့ စိမ်ပြီး သောက်ကြပါတယ်။ သခွားသီးကို ကြိတ်ပြီး ဖျော်ရည်အနေနဲ့ သောက်ပေးရင်တော့ အကျိုးများစေပြီး အသစ်အဆန်း ဖြစ်စေပါမယ်။

သခွားသီးဟာ ရင်အေးစေပြီး ရေငတ်ပြေစေတာတော့ သိကြမှာပါ။ သခွားသီးမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ ဆီလီကွန်၊ ကလိုရင်း၊ ဖော့စဖရပ်စ်၊ ဆာလ်ဖာ၊ အစရှိတဲ့ သဘာဝအတိုင်း ပါဝင်တဲ့ သတ္တုဓာတ်တွေ  ဖြစ်တာကြောင့် ခန္ဓာကိုယ်အတွင်း သွေးနီဥဖြစ်စေမယ့်ဓာတ်တွေကို အားပေးပါတယ်။ သခွားသီးဟာ ကိုယ်တွင်းက အဆိပ်တွေကိုပြေစေနိုင်တဲ့ အစွမ်း ရှိပါတယ်။

Cucumber-Juice

သခွားသီးကို ကြိတ်ပြီး ဖျော်ရည်အဖြစ်သောက်ဖို့ အတွက် သခွားသီး ခပ်ရွယ်ရွယ် တစ်လုံးကို သန့်စင်ပြီး ကြိတ်ပေးပါ။ အရည်ကို အချိုပါတယ်ဆိုရုံပဲ ထည့်ပြီး သောက်နိုင်ပါတယ်။ သခွားသီးရည်ကို မုန်လာဥနီ၊ တရုတ်နံနံတို့နဲ့ ရောစပ်ပြီး သောက်သုံးပေးရင်တော့ အဆစ်အမြစ်ရောင ်ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သခွားသီးဖျော်ရည်ဟာ ဆီးရွှင်စေနိုင်ပြီး ကိုယ်တွင်း အဆိပ်နဲ့ မလိုအပ်တဲ့ အဆီတွေကို ထုတ်ပေးနိုင်ပါတယ်။

သွေးတွင်း ကိုလက်စထရောကို ကျစေနိုင်တဲ့ အပြင် အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သခွားသီး ဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးပါက သွေးပေါင် ကျစေနိုင်ပြီး ဝမ်းချုပ်သူ၊ ဆီးလမ်းကြောင်း ပိုးဝင်သူတွေအတွက် သင့်တော်ပါတယ်။