သခွားသီးဟာ လတ်ဆတ်ပြီး အေးမြတဲ့ အသီးပါ။ တို့စားတဲ့အခါ ကောင်းသလို အသားအရေအတွက်လည်း ကောင်းမွန်စေတဲ့ အသီးလည်း ဖြစ်ပါတယ်။ သခွားသီးကို အသုံးပြုဖို့ နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် အသားအရေအတွက်ရော စားစရာအနေနဲ့ပါ အသုံးပြုလို့ ရပါတယ်။

eyes

မျက်လုံးရဲ့ နွမ်းနယ်မှုတွေကို ဖြေဖျောက်ရာမှာ အသုံးပြု

မျက်လုံးတွေ ပူပြီး ကြည့်လို့ မကောင်းတော့တဲ့အခါ၊ TV၊ ဖုန်း နဲ့ ကွန်ပျူတာတွေ အကြည့်များတဲ့ အခါ မျက်လုံးဟာ ပင်ပန်းပြီး နွမ်းနယ်နေသလို ခံစားရတဲ့ အချိန်တွေ ရှိပါတယ်။ဒီလို အခြေအနေမျိုးအတွက် သခွားသီးကို ပါးပါး လှီးပြီး မျက်လုံးပေါ် ကပ်ပေးပါ။ အဝတ်ပါးပါး အသန့်တစ်ခုခံပြီးလည်း ကပ်ပေးလို့ ရပါတယ်။ အေးနေတဲ့ သခွားသီးဆို ပိုကောင်းပါတယ်။ ၁၅မိနစ်လောက် ကပ်ပေးပြီး ခွာလိုက်ပါ။ မျက်လုံးလေးဟာ အေးပြီး လန်းဆန်းသွားပါလိမ့်မယ်။

facial

ပေါင်းတင်ခြင်း

အသားအရေ ခြောက်သွေ့လွန်းသူတွေ၊ အဆီပြန်လွန်းသူတွေနဲ့ ဝက်ခြံအမာရွတ်တွေကျန်နေသူတွေ အများဆုံး အသုံးပြုကြပါတယ်။ သဘာ၀ အတိုင်း သခွားသီးကို ကြိတ်ပြီး ကပ်ပေးလို့ ရပါတယ်။ ပေါင်းဆေးအဖြစ် ပြုလုပ်မယ်ဆိုရင်တော့ သခွားသီး၊ ပူဆီနံရွက်အနည်းငယ်၊ သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ကြက်ဥအကာတို့ကို ရောကြိတ်ပြီး ပုံမှာပြထားတဲ့အတိုင်း လိမ်းထားပါ။ ၁၅မိနစ် ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။

soup

Soup

ရာသီဥတု ပူလွန်းတဲ့ နေရာတွေမှာ ကိုယ်တွင်းအပူတွေကို အေးသွားအောင် သခွားသီးကို အရသာ တစ်မျိုးနဲ့ လုပ်ပြီး စားကြပါတယ်။ သခွားသီးကို ပါးပါးလှီးပါ။ ဒိန်ချဉ်တစ်ခွက်၊ဆားအနည်းငယ်၊ ကြက်သွန်ဖြူအမှုန့်အနည်းငယ်တို့ကို ရောမွှေပါ။ ၂နာရီလောက် အေးသွားအောင် ထားပြီး သောက်လို့ ရပါပြီ။ နည်းနည်း အစပ်စားချင်ရင်တော့ ငရုတ်သီးအနည်းငယ်ထည့်ပြီး စားလို့ ရပါတယ်။အချို့ကလည်း ဒိန်ချဉ်အစား ထောပတ်ထည့်ပြီး ချက်ပါတယ်။

cucumber-water

သခွားသီးအရည်

ဒါလေးကတော့ အခုတလော ခေတ်စားနေတဲ့ အဆိပ်ထုတ် အရည်ပါ။ သခွားသီးဟာ ကိုယ်တွင်းက အဆိပ်တွေကို ဖယ်ရှားဖို့ အကောင်းဆုံး အသီးဖြစ်တာကြောင့် သခွားသီးကို လှီးပြီး ရေစိမ်သောက်တဲ့ နည်းလေးပါ။ ရေခဲသေတ္တာထဲ အအေးခံ သောက်ရင် ပိုအရသာ ရှိပါတယ်။ ရေဓာတ်ပြည့်စေပြီး ကိုယ်အလေးချိန် ထိန်းချင်သူတွေ အတွက်ကတော့ အကောင်းဆုံးပါ။

pickle

သခွားသီးချဉ်

သခွားသီးကို အချဉ်တည်ပြီးလည်း စားကြပါတယ်။ သခွားသီးကို လှီးပြီး ရှာလကာရည်နဲ့ စိမ်ထားသလို အလုံးလိုက်လည်း စိမ်ထားပြီး စားလို့ ရပါတယ်။

Ref: zeenews