ပါဝင်ပစ္စည်းများ

  • ကြက်သား အသားသီးသန့်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငရုတ်စိမ်းမှုန့်
  • စိမ်းစားငါးပိ
  • နနွင်း အနည်းငယ်
  • ယိုးဒယား ဟင်းချက် အမွှေးမှုန့်
  • ငရုတ်သီး ၂တောင့်
  • ဆီ
  • ဆား
  • သကြား
  • ရုံးပတီသီး
  • နံနံပင်

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သား အသားချည်းကို ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ ငရုတ်စိမ်းမှုန့် ၊ စိမ်းစားငါးပိနဲ့ နနွင်းနည်းနည်း၊ ယိုးဒယားဟင်းချက်အမွှေးမှုန့်၊ ငရုတ်သီး ၂တောင့်၊ ရေနည်းနည်း နဲ့လုံးနယ်ပြီး နှပ်ထားလိုက်တယ် ။ ဆီပူပေးပြီး အဲဒါအကုန်ထည့် ဆားနဲ့ သကြားနည်းနည်းထည့်ပါ။
  2. ကြက်သားကျက်လောက်တဲ့အချိန်မှ ရုံးပတီသီးတွေထည့် ကျက်တဲ့အထိမွှေ၍၊ ခလုပ်ပိတ်ပြီး နံနံပင်ဖြူးလိုက်ရင် ရပါပြီ။ တကယ်စားလို့ကောင်းပါတယ်။

Credit: အေးမြမြခိုင်