ငါး - Fish | ဟင်း - Curry

ငါးခုံးမပေါက်စ အိုးကပ်

June 15, 2016

ငါးခုံးမပေါက်စ အိုးကပ်

Share this on:

ငါးခုံးမ ပေါက်စလေးတွေလေ မီးအေးအေးနဲ့ ကျွတ်ကပ်အောင် ချက်ရတယ် ၊  အရမ်းမွှေလို့ မရပါဘူး ကြေမှာ စိုးလို့ပါ ။ စိတ်တော်တော် ရှည်ရပါတယ် ။

  • ငါးခုံးမပေါက်လေးများ 
  • ကြက်သွန်နီ 
  • ကြက်သွန်ဖြူ 
  • ဂျင်း
  • စပါးလင်
  • နနွင်း    
  • ငြုပ်ပွခြောက် ၂ တောင့်
  • ပျဉ်တော်သိမ်းရွက်
  • ဆီ 
  • အချိုမှုန့်  
  • ပင်စိမ်းအုပ်

ပြုလုပ်နည်း

  1. ငါးခုံးမပေါက်လေးတွေကို စိတ်ရှည်လက်ရှည် အကြေးခွံနွာ ၊ ရေစိမ်ပြီး ၊ သဲကုန်အောင် ဆေးပါ ။
  2. ပြီးလျင် ဆား ၊ နနွင်း ၊ အချိုမှုန့် နယ်နှပ်ထားပါ ။
  3. ငြုပ်ပွခြောက် ၂ တောင့်လောက်ကို ရေနွေး စိမ်ပြီး ဂျင်း ၊ စပါးလင် ၊  ကြက်သွန်ဖြူ ၊  ကြက်သွန်နီ ညက်အောင်ထောင်းပါ ။
  4. ပြီးလျင် ဆီ နိုင်အောင် သက်ပါ ။  ပြီးလျင် ပျဉ်တ်ာသိမ်ရွက်လေးထည့် ၊ ငါးလေးထည့်ပြီး ငြုပ်စုံထဲမှ ရေအနည်းငယ်ကို ကျင်းထည့်ပါ ။
  5. ဖွဖွလေးမွှေ ၊ ခဏအုပ်ထား ၊ ၃မိနစ်လောက်ကြာရင် ဒယ်အိုးကို အသာမပြီး လှုပ်ပေးပါ ။  
  6. မီးအနည်းငယ်လျှော့ပြီး  ကြာလာရင် ရေကုန်ပြီး ဆီနဲ့ အိုးမကပ် တကပ်လေးဖြစ်ပြီး ကြွတ်လာရင် မိးဖိုပေါ်မှ ချပြီး ပင်စိမ်းအုပ်ပါ ။
Credit: Ko Thank

Review

User Rating

4 (3 Votes)