ဒီနေ့မှာတော့ ရွှေဖရုံသီးလေးကို အရည်လေးနဲ့ ချက်မယ်။ မန်ကျည်းသီးလေးကို ထောင်းပြီးကြော်မယ်။ ရွှေဖရုံသီးထဲကို အသားပါ တခါထဲ ထည့်ချက်မှာမို့ အသားဟင်း သီးသန့် ဒီနေ့ မချက်တော့ဘူး။ သူငယ်ချင်းတို့ အိမ်မှာရော ဒီနေ့ ဘာဟင်းတွေ ချက်ကြလဲဆိုတာ အခြားလူတွေ သရေကျအောင် ပြောပြခဲ့ပါဦး။

ရွှေဖရုံသီးဟင်းအတွက် လိုအပ်တာတော့ သိပ်အများကြီး မရှိပါဘူး။

  • ရွှေဖရုံသီး (ကိုယ်လိုသလောက်)
  • ရုံးပတီသီး
  • ကြက်သွန်နီ
  • ဝက်နံရိုး (အနည်းငယ်)
  • ရှမ်းနံနံပင် ၂ပင်

Source: marketix.ro

  • နနွင်းမှုန့်
  • ဆား
  • ဆီအနည်းငယ်
  • ဟင်းခတ်မှုန့် အနည်းငယ်

pumpkin curry

အရင်ဆုံး ဝက်နံရိုးတွေကို ရေစင်အောင်ဆေးပြီး ပြုတ်ထားပါ။ ဝက်နံရိုးတွေကို ပြုတ်ထားချိန်မှာ ရွှေဖရုံသီးကို အခွံနွှာထားပြီး အရွယ်တော် အတုံးလေးတွေ တုံးပါ။ ကြက်သွန်နီ အရွယ်တော် တစ်လုံးကို အခွံနွှာပြီး ပါးပါးလှီးထားပါ။ ရုံးပတီသီးကို ရေဆေးပြီး ထိပ်ဖြတ်ထားပါ။ ဝက်နံရိုး အနည်းငယ် နူးလာတဲ့ အချိန်မှာ မီးဖိုပေါ်ကနေ ချပြီး ရွှေဖရုံသီးချက်ဖို့ ပြင်ဆင်ပါ။

ဆီ အနည်းငယ် ထည့်ပြီး နနွင်းမှုန့် အနည်းငယ်ထည့်ပါ။ဝက်နံရိုးကို ဆယ်ပြီး ထည့်ပါ။ ရွှေဖရုံသီးကိုပါ ရောထည့်ပြီး လုံးပါ။

၃မိနစ်လောက် ထားပြီး ဝက်နံရိုး ပြုတ်ရည်ကို ထည့်ပါ။ ဆား အနည်းငယ်ထည့်ပါ။ ရေကို လိုသလောက် ထည့်ပါ။ ဆားအနည်းငယ်နဲ့ ဟင်းခတ်မှုန့် အနည်းငယ် ထည့်ပြီး အုပ်ထား ပါ။ ရေဆူလာရင်တော့ ရုံးပတီသီး ထည့်ပါ။ ရေပွတ်ပွတ် ဆူလာပြီ ဆိုရင်တော့ ရှမ်းနံနံလေး အုပ်ပြီး ချလိုက်ပါ။

မန်ကျည်းသီးကြော်

  • မန်ကျည်းသီးစိမ်း ၅ကျပ်သား
  • ပုဇွန်ခြောက်မှုန့် ၂ကျပ်ခွဲသား
  • ငရုတ်သီးအကြမ်းမှုန့် (လိုသလောက်)
  • ငရုတ်သီးစိမ်း အနည်းငယ်
  • ဆီ

  • နနွင်း
  • ငါးပိစိမ်းစား (အနည်းငယ်)
  • ကြက်သွန်ဖြူ
  • ငံပြာရည်
  • ဟင်းခတ်မှုန့်

15215773_10209622914388781_193960635_o

မန်ကျည်းသီးကို မညက်တညက်လေး ထောင်းပါ။ မန်ကျည်းသီး ထောင်းတဲ့အခါ ဆားအနည်းငယ် ထည့်ပြီး ထောင်းပါ။ ဒါမှ မန်ကျည်းသီးတွေ မဲ မသွားစေနိုင်ဖို့ပါ။ ကြက်သွန်ဖြူကို လှီးထားပါ။ အိုးထဲကို ဆီထည့်ပြီး နနွင်းမှုန့် ထည့်ပါ။

ငါးပိကို အရင်ဆုံး ထည့်ပြီး မွှေပါ။ မွှေးလာပြီဆိုရင်တော့ ငရုတ်သီးအကြမ်းမှုန့်နဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပါ။ နီလာပြီဆိုရင်တော့ မန်ကျည်းသီးစိမ်းထောင်းထားတာတွေကို ထည့်ပါ။ အပေါ့အငံအချို အတွက် မြည်းပြီး ဟင်းခတ်မှုန့်နဲ့ ငံပြာရည်ကိုလိုသလောက် လိုသလောက် ထည့်ပါ။ မန်ကျည်းသီး ကျတ်လာတဲ့အခါ မွှေးပြီး ရဲလာပါလိမ့်မယ်။ ဒါဆိုရင်တော့ ငရုတ်သီးစိမ်းလေးထည့်ပြီး ချလိုက်ပါ။