ကြက်သား ချိုချဉ်ကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - ၁၅ ကျပ်သား
  • ကြက်ဥ - ၁လုံး
  • ကြက်သွန်နီ - ၁လုံး
  • ပန်းငရုတ်ပွ - ၁လုံး
  • ဥနီ (သို့) ခရမ်းချဉ်သီး - ၁လုံး
  • နာနာတ်သီး - ၁ စိတ်
  • ချင်းအမျှင် - အနည်းငယ်
  • ကြက်သွန်မြိတ် - ၃ ပင်ခန့်
  • ချိုချဉ်ဆော့စ်ရည် - ၅ဇွန်း

ပြုလုပ်နည်း

  1. ကြက်သားကို အနေတော် အတုံးလေးတွေ တုံးပြီး အရသာ အနည်းငယ်နယ်ပါ ။
  2. ကြက်သွန်နီကို  လေးစိတ် ခွဲပြီး အလွှာတွေကို ဖွင့်ထုတ်ပြီး ခွာပါ ။
  3. အခြား အသီးအနှံ တွေကို ကြက်သွန်နီ အရွယ် ပမာဏလောက် လှီးထားပါ ။ ကြက်သွန်မြိတ်ကို ၁ လက္မ အရွယ် ပိုင်းဖြတ်ပါ ။
  4. အရသာ နယ်ထားတဲ့ ကြက်သားကို ကြေအောင် ခေါက်ထားတဲ့ ကြက်ဥ အရည်ထဲ နစ်ပြီး ဂျုံမှုန့်တွေထဲ ကပ်လူးပေးပါ ။
  5. ဆီပူပူမှာ ရွှေရောင်ရအောင် ကြော်ယူပြီး ဆီစစ်ထားပါ ။
  6. အခြား သန့်တဲ့ ဒယ်အိုး တစ်လုံးကို ဆီအနည်းငယ်ဖြင့် အပူပေးပါ ။
  7. ဆီပူလာလျှင် ချင်းမျှင်လေးတွေကို ဆီသတ်ပြီး အသီးအရွက်တွေ ထည့်ကြော်ပါ ။
  8. အနည်းငယ် နွမ်းသွားလျှင် ဆယ်ယူထားတဲ့ ကြက်သားကြော်တွေ ထည့်ပေးပါ ။
  9. ချိုချဉ် ဆော့စ်ရည် လောင်းထည့်ပါ ။ ကြက်သွန်မြိတ်လေး ဖြူးပေးပါ ။
ချိုချဉ်ဆော့စ်ရည် လုပ်နည်းလေး

  • ခရမ်းချဉ်သီးဆော့စ် – ၃ ဇွန်း
  • သကြား – ၂ ဇွန်း
  • သဘာဝနာနတ်သီးအရည် – ၃ဇွန်း
  • ပဲငံပြာရည် – ၁ ဇွန်း
  • သံပုရာရည် – ဇွန်းဝက်
  • ဆား – အနည်းငယ်
  • အထက်ပါ ပါဝင် ပစ္စည်း အားလုံးကို ရောပြီး ဆော့စ်ရည် အဖြစ်ကျိုထားပါ ။

    Credit: ဟင်းချက်နည်းများ
  • Review

    User Rating

    3.9 (7 Votes)