ဟင်းအနှစ်လုပ်နည်းလေးက မခက်ခဲပါဘူး။ အချိန်တိုတွင်းမှာပဲ လိုရာဟင်းကို လွယ်ကူ လျှင်မြန်စွာချက်ပြုတ်နိုင်ပါ။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း ကို အခြေခံပြီး ပြုလုပ်ထားတာ ကြောင့် ပါဝင်ပစ္စည်း လေးတခု ထပ်တိုးထည့်လုပ်လိုက်တာနဲ့ ဟင်းအနှစ်နောက်တမျိုး ဖြစ်သွားတဲ့အတွက် ကိုယ်လိုချင်တဲ့ဟင်းအနှစ်ကို လိုသလိုပြောင်းလွဲနိုင်ပါတယ်။

ဟင်းအနှစ်ကို ကြာကြာခံအောင် သိမ်းမယ်ဆိုရင်တော့ လေလုံတဲ့ Lock & Lock ဗူး များနဲ့ထည့်သိမ်းပြီး ရေခဲသတ္တာမှာထည့်ထားလျှင် ပိုကောင်းပါတယ်။

အသုံးပြုရန် ခတ်လျှင်လည်း ဇွန်း အသန့်နဲ့ခတ်လျှင်ပိုကောင်းပါတယ်။ များများ လုပ်ထားလိုက်နော်။ ချက်ခါ နည်း အနှစ်နဲ့ အသား ရောပြီး တည်ရုံပဲဆိုတော့အချိန်တွေ အများ ကြီးပေးစရာမလိုတော့ဘူးပေါ့။ အောက်ပါ အတိုင်းများ ကတော့ ၃၅ – ၅၀ ကျပ်သား ချက်စားနိုင်ရန် ရည်ရွယ် ပြုစုထားပါတယ်။

၁။ အခြေခံဟင်းအနှစ် (Basic Curry Paste)

  • ကြက်သွန်နီ ၅ လုံး
  • ကြက်သွန်ဖြူ ၄ မွှာ
  • နနွင်းမှုန့် ၁ ဇွန်း လက်ဖက်ရည်ဇွန်း
  • အရောင်တင်မှုန့် ၂ ဇွန်း လက်ဖက်ရည် ဇွန်း

  • ငရုတ်သီးမှုန့် ၃ ဇွန်း ခွဲ လက်ဖက်ရည်ဇွန်း
  • ပုစွန်ငံပြာရည် ၁ ဇွန်း လက်ဖက်ရည်ဇွန်း
  • ကြက်သားမှုန့် အနည်းငယ်
  • ဆီ လိုသလောက်

ပြုလုပ်နည်း

ပုစွန်ငံပြာရည်၊ ဆီ နှင့် နနွင်းမှုန့်ကလွဲလို့ အားလုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။

ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူအောင်တည်ပါ။ ဆီပူလာလျှင် နနွင်းမှုန့်နှင့် ကြိတ်ထားသော အနှစ်များကိုဆီသတ်ပါ။

ကြက်သွန်ဖြူ၊ နီ နွမ်းလာလျှင် ငံပြာရည် ထည့်ပါ။ ရွှေရောင်သန်းလာပြီး မွှေးတက်လာလျှင် ရပါပြီ။ ဆီသတ်တာဆိုတော့ ဆီများများထည့်ဖို့လိုပါတယ်။

ဆီသတ်ထားသော ဟင်းအနှစ်ကို အအေးခံထားပါ၊ အေးမှ လိုရာ လေလုံသော ဖန်ပုလင်း၊ ဖန်ဗူးများထဲထည့်ပြီး ရေခဲသတ္တာထဲမှာထားပြီး လိုသလောက်ကို ဇွန်းအသန့်လေးနဲ့ခတ်သုံးပါက လနဲ့ ချီအထား ခံပါတယ်။

အခြေခံဟင်းအနှစ်ကတော့ ဟင်းပွဲတိုင်းချက်လို့အဆင်ပြေပါတယ်။

၂။ ခရမ်းချဉ်သီး ဟင်းအနှစ် (Tomato Curry Paste)

အခြေခံဟင်းအနှစ်ထဲမှာပါဝင်သောပစ္စည်းများအားလုံး အတိုင်းထည့်ပါ။ ခရမ်းချဉ်သီးကို ၅-၇ လုံး လောက် အတုံးလေးတွေ တုံးပြီး ကြက်သွန်ဖြူ၊ နီ နွမ်းလျှင် ထည့်ဆီသတ်ပါ။

ခရမ်းချဉ်သီး အခွံလေးများ လိပ်လာလျှင် ငံပြာရည် ထည့်ပါ။ ခရမ်းချဉ်သီး ခြောက်ပြီး ဆီပြန်လာလျှင် ရပါပြီ။

ဆီသတ် တာဆိုတော့ ဆီများများ ထည့်ဖို့လိုပါတယ်။ ရလာသော ဟင်းအနှစ်ကို အအေးခံထားပါ၊ အေးမှလိုရာ လေလုံသော ဖန်ပုလင်း၊ ဖန်ဗူးများထဲ ထည့်ပြီး ရေခဲသတ္တာထဲမှာ ထားပြီး လိုသလောက်ကို ဇွန်းအသန့်လေးနဲ့ ခတ်သုံးပါက လနဲ့ ချီအထားခံပါတယ်။ ခရမ်းချဉ်သီး ဟင်းအနှစ်ကတော့ ငါးကြော်နှပ်၊ သီးစုံဟင်း၊ ငါးခြောက်ဟင်း၊ ငါးဆုပ်၊ အသားလုံး ဟင်းလျှာများ ချက်ပြုတ်လျှင် အသုံးပြုရန် သင့်တော်ပါတယ်။

ခရမ်းချဉ်သီးဟင်းအနှစ် နဲ့တွဲဖက်ပြီး လတ်လတ်ဆတ်ဆတ် ဟင်းခတ်လို့ရတာလေးများကတော့ နံနံပင်၊ ပူစီနံ၊ ရှမ်းနံနံ၊ ပင်စိမ်း များလည်း ကိုယ်ချက်တဲ့ဟင်းပေါ်မူတည်ပြီး ခတ်လို့ရပါတယ်။

Curry paste Making

၃။ မြန်မာ့ဟင်းအနှစ် (Myanmar Curry Paste)

အခြေခံဟင်းအနှစ်ထဲမှာ ပါဝင်သော ပစ္စည်းများအားလုံးအတိုင်းထည့်ပါ။ စပုလင် ၁ ချောင်းထုပြီး ထုံးထားပါ၊ နံနံစေ့၊ ငရုတ်ကောင်း စေ့ (ကြိတ်တဲ့အထဲ တစ်ခါတည်းထည့်ကြိတ်ပါ)။

ဆီသတ်နည်းကတော့ အခြေခံ ဟင်းအနှစ် လုပ်နည်းအတိုင်းပါ။ ကြက်သွန်ဖြူ၊နီ နွမ်းမှ စပုလင် ကိုထည့်ပါ။စပလင်ကို လိုလျှင်ထပ်ထည့်ပါ၊ နံနံစေ့ နဲ့ ငရုတ်ကောင်း ကို ကိုယ့်စိတ်တိုင်းကျ ချိန်ဆ ထည့်နိုင်ပါတယ်။

ဒီဟင်းအနှစ် ကတော့ အသားဟင်းများ နှင့် ခရမ်းသီးနှပ် နှင့် မြန်မာ အရသာမျိုး ဟင်းလျှာများချက်ရာတွင် အသုံးပြုရန်သင့်တော်ပါသည်။ ရလာသော ဟင်းအနှစ်ကို အအေးခံ ထားပါ၊ အေးမှ လိုရာ လေလုံသော ဖန်ပုလင်း၊ ဖန်ဗူး များထဲထည့်ပြီး ရေခဲသတ္တာ ထဲမှာထားပြီးလိုသလောက်ကို ဇွန်း အသန့်လေးနဲ့ ခတ်သုံးပါက လနဲ့ ချီအထား ခံပါတယ်။

၄။ ထိုင်း ဟင်းအနှစ် (Thai Curry Paste)

အခြေခံဟင်းအနှစ် ထဲမှာပါဝင် သောပစ္စည်းများ အားလုံး အတိုင်းထည့်ပါ။ ထပ်ပိုးပါဝင် တဲ့ ပစ္စည်းတွေ က နံနံစေ့မှုန့်၊ ဇီရာမှုန့်၊ ငရုတ်သီးစိမ်း၊ ပတဲကောမှုန့်၊ ပျင်းတော်သိန်းရွက်၊ စိမ်းစားငပိ ပါ။ စိမ်းစားငပိ ကလွဲလို့ ကျန်ပစ္စည်းများ အားလုံးကို (အခြေခံဟင်းအနှစ် လုပ်နည်း) ထည့်ကြိတ်ပါ။ ပဲဆီ ကို အသုံးပြုပြီး ဆီသတ်ပါ။ ဆီသတ်တဲ့ အခါကြမှ စိမ်းစားငပိ နဲ့ ငံပြာရည်ကို တစ်ခါတည်း ထည့်ဆီသတ်ပါ။

ဆီများများ ထည့်ပါ။ ဆီသတ်နည်းကတော့ အခြေခံ ဟင်းအနှစ်လုပ်နည်း အတိုင်းပါ။ ငရုတ်သီးစိမ်း နဲ့ ငပိ ကို ကိုယ့်စိတ်တိုင်းကျ ချိန်ဆ ပြီးထည့်ပါ။ ပင်လယ်စာ၊ အသား၊ နှင့် အသီးအရွက်များ ချက်လျှင် အသုံးပြုလို့ရပါတယ်။ ရလာသော ဟင်းအနှစ်ကို အအေးခံ ထားပါ၊ အေးမှ လိုရာ လေလုံသော ဖန်ပုလင်း၊ ဖန်ဗူး များထဲထည့်ပြီး ရေခဲသတ္တာ ထဲမှာထားပြီးလိုသလောက်ကို ဇွန်း အသန့်လေးနဲ့ ခတ်သုံးပါက လနဲ့ ချီအထား ခံပါတယ်။

၅။ အိန္ဒိယ ဟင်းအနှစ် (Indian Curry Paste)

အခြေခံဟင်းအနှစ် ထဲမှာပါဝင် သောပစ္စည်းများ အားလုံး အတိုင်းထည့်ပါ။ မုန်းညင်းနက်စေ့၊ ငရုတ်ကောင်းနက်၊ ဇီရာစေ့၊ နံနံစေ့၊ မဆာလာ၊ သစ်ကြပိုးခေါက်မှုန့်၊ ရှလကာရှည် (အနည်းငယ်) ကို အခြေခံဟင်းအနှစ် လုပ်ရန် ပါဝင် ပစ္စည်းများ ကြိတ်ရာတွင် ထည့်ပေါင်းကြိတ်ပါ။ အသီးအရွက်ဆီ ကို အသုံးပြုပါ ဆီသတ်ပါ။ ဆီသတ်နည်းက တော့အခြေခံ ဟင်းအနှစ်နည်း အတိုင်းပါ။ ပါဝင်ပစ္စည်းများ ကို ကိုယ့်စိတ်တိုင်းကျ ချိန်ဆ ထည့်နိုင်ပါတယ်။
အသီးအရွက် နဲ့ ပဲ မျိုးစုံချက်ရာ တွင် အသုံးပြုကြတာများပါတယ်။ ရလာသော ဟင်းအနှစ်ကို အအေးခံ ထားပါ၊ အေးမှ လိုရာ လေလုံသော ဖန်ပုလင်း၊ ဖန်ဗူး များထဲထည့်ပြီး ရေခဲသတ္တာ ထဲမှာထားပြီးလိုသလောက်ကို ဇွန်း အသန့်လေးနဲ့ ခတ်သုံးပါက လနဲ့ ချီအထား ခံပါတယ်။

၆။ တရုတ် ဟင်းအနှစ် (Chinese Curry Paste)

အခြေခံဟင်းအနှစ် ထဲမှာပါဝင် သောပစ္စည်းများ ကိုအခြေခံပြီး လုပ်လို့ရပါတယ်။ နနွင်းမှုန့်၊ငရုတ်သီး မှုန့် နဲ့ အရောင်တင်မှုန့် မထည့်ပါနဲ့။
ငါးငံပြာရည်အစား တရုတ်ငံပြာရည် အနောက် ကို အစားထိုးအသုံးပြုမှာပါ။ တရုတ်ငံပြာရည် အချိုရည် အပြစ်၊ သကြားအညို အနည်းငယ်၊ တရုတ်ပဲပုတ်ပဲအမည်း၊ ကြက်သွန်မြိတ် ၅ ပင် ထုံးပါ၊ Dry Sherry အနည်းငယ် လောက်ထည့်ပါ။ ပဲပုတ် နဲ့ ကြက်သွန်မြိတ်က လွဲလို့ ကျန်ပစ္စည်းများ ကို အခြေခံဟင်းနှစ် ပါဝင်ပစ္စည်းများနဲ့အတူထည့်ကြိတ်ပါ။ ဆီ သတ်နည်းကတော့ အခြေခံ ဟင်းအနှစ်ဆီသတ်နည်း အတိုင်းပါ။

ကြက်သွန်ဖြူ၊နီ နွမ်းလာလျှင် ကြက်သွန်မြိတ် နဲ့ ပဲပုတ် ကိုထည့်ဆီသတ်ပါ။ ပါဝင်ပစ္စည်းများကို ကိုယ့်စိတ်တိုင်းကျ ချိန်ဆ ထည့်နိုင်ပါတယ်။ ဒီဟင်းအနှစ်လေး ကို ဝက်သား၊ ဝက်ကလီစာ၊ အာလူးအချိုချက် နဲ့ အသီးအရွက် အစုံကြော်တယ့်အခါတွေ မှာအသုံးများပါတယ်။

မှတ်ချက်- ကိုယ်အသုံးပြုသော ကြက်သွန်ဖြူ၊နီ အသေး အကြီးပေါ်မှုတည်ပြီး ထည့်ပါ။ အတိုင်းအတာ များ ကို သေချာ မပြုစုပေးလိုက်တော့ပါ။ လိုတာလေးများ ကို ဟင်းချက်သူ စိတ်တိုင်းကြ ထပ်ဖြည့် ထပ်ရှော့ လိုရအောင်ဖော်ပြထားချင်းဖြစ်ပါသည်။

Credit: Syi Lwin Food Garden