ကြက်သား၊ ဝက်သား၊ အမဲသား အဆင်ပြေရာဖြင့် ချက်လို့ ရပါတယ်။ ကိုရီးယား အစားအစာတွေထဲမှာ နာမည်ကြီးတစ်ခုဖြစ်သည့် ကိုရီးယားစတိုင် Curry Rice ချက်နည်းလေး ပြောပြမယ်။ အောက်ပါ အချိုးအစားက တစ်ပွဲစာ အတွက်ဖြစ်ပါတယ်။ များများချက်ချင်ရင် အချိုးအစားကို တိုးသွားရန် လိုပါတယ်။

ကိုရီးယား ကာရီ ထမင်းသည် အရသာ တစ်မျိုးထူးခြား၍ စားကောင်းလှပါသည်။ ပုံတွင်ပြထားသော Curry Powder အထုပ်လေးသာ ဝယ်ရန်လိုပါသည်။ ကိုရီးယား အစားအစာ ရောင်းသည့်ဆိုင်၊ PROMART၊ စီးတီးမက် အစရှိသည် တို့တွင် ဝယ်ယူ၍ ရရှိနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကိုရီးယား Curry Powder – ၆ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်ရင်ပုံသား – တစ်ခု(၁၂၀ ဂရမ်) (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
  • ကြက်သွန်နီ – ၁ လုံး (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
  • အာလူး – ၁ လုံး (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
  • မုန်လာဥနီ – လက်လေးလုံးခန့် (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
  • ပဲစိမ်းလုံး – ၃ဇွန်း(စားပွဲတင်ဇွန်း)
  • ပန်းဂေါ်ဘီစိမ်း – (အနည်းငယ်)
  • ဆား+ငရုပ်ကောင်းမှုန့် – (အနည်းငယ်)

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ပါဝင်ပစ္စည်းများ ဖြစ်ကြသော (ကြက်ရင်ပုံသား +ကြက်သွန်နီ +အာလူး+မုန်လာဥနီ)တို့ အားလုံးကို လေးထောင့်ပုံ ခပ်သေးသေး အရွယ်အသင့် လှီးထားပါ ။
  2. ဒယ်အိုးတစ်ခုထဲသို့ ဆီ အနည်းငယ်မျှ ထည့်၍ ကြက်သားတုံးများ ထည့်ကြော်ပါ ။  ပြီးနောက် အာလူး ၊ မုန်လာဥနီ ၊  ကြက်သွန်နီ ထည့်ပါ ။
  3. ဆား နှင့် ငရုပ်ကောင်းမှုန့် အနည်းငယ် ထည့်ပြီး အနံ့မွှေးလာသည် အထိ မွှေပေးပါ ။
  4. ပဲစိမ်းလုံးလေးများ ၊ ပန်းဂေါ်ဘီစိမ်း အနည်းငယ် ထည့်ကာ ၅ မိနစ်ခန့် ထပ်တည် ထားကာ အရည် အနည်းငယ် ပျစ်လာပါက ထမင်းဖြူ ပေါ်သို့ လောင်းပြီး အသင့် စားသုံးနိုင်ပါသည် ။

Credit: ဇွဲသုသု