မကြာခင်မှာ သြဇာသီးတွေ လှိုင်လှိုင်ပေါတဲ့ အချိန် ရောက်တော့မှာပါ။ ဩဇာသီးကို မြန်မာပြည် အနှံ့အပြားမှာ တွေ့ရပြီး အထူးသဖြင့် အလယ်ပိုင်းဒေသတွေမှာ ပေါက်ရောက်ပါတယ်။ အလေ့ကျ ပေါက်သလို ကိုင်းကူးပြီးတော့လည်း စိုက်လို့ရနိုင်ပါတယ်။ အိန္ဒိယမှာတော့ ဆေးအဖြစ် သုံးဖို့ စိုက်ပျိုးကြပြီး လူတိုင်းနီးပါး စားသုံးကြပါတယ်။

Source: NDTV Food

ဩဇာသီးမှာ မျိုးကွဲတွေ ရှိပါသေးတယ်။ ဒူးရင်းဩဇာနဲ့ ပိန္နဲဩဇာတို့ပါ။ ဩဇာသီးကို အချိုပွဲသရေစာ အဖြစ် စားသုံးကြတာများပြီး မှည့်လာတဲ့ အခါမှသာ စားသုံးရတဲ့ အသီးပါ။ ဩဇာသီးမှာ  ဗီတာမင်ဘီ6၊ ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် စီ၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဇင့်၊ ကစီဓာတ်၊ နီအာစင်၊ သကြားဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီတို့ ပါဝင်ပြီး ပျော်ဝင်လွယ်ပါတယ်။

Source: County Supplies London

ဩဇာသီးဟာ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းကို မှန်စေပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ မဖြစ်စေဘဲ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေဟာ ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်ကစလို့ ဩဇာသီး စားပေးသင့်ပါတယ်။အသားအရေ ကြည်လင်စေဖို့နဲ့ ခြေသည်းလက်သည်းတွေကိုလည်း ကောင်းမွန်လာစေပါတယ်။ ကယ်လိုရီ လောင်ကျွမ်းစေပြီး အဆုတ်ကိုလည်းသန့်စင်စေနိုင်ပါတယ်။

Source: miamifruit.org

ဩဇာသီးကို ဆီးချိုသွေးချိုသမားတွေ စားဖို့တော့ သတိထားရပါလိမ့်မယ်။ သဘာဝအရ အချိုဓာတ်များနေကြောင့် ဆီးချိုသမားတွေ အတွက်တော့ ချင့်စားပါ။ ဝက်သားနဲ့ ဩဇာသီး၊ ပျားရည်နဲ့ ဩဇာသီးတို့ကို တွဲဖက်မစားသင့်ပါဘူး။