(ဒမလိုက်) လို့ခေါ်တဲ့ ကရင် ငပိရေကျိုလေးပါ။

ပါဝင်ပစ္စည်းများ

  • ငပိရည်
  • ငါးခူ
  • ငရုတ်သီးစိမ်း
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • အချိုမှုန့်
  • နနွင်းမုန့်
  • ဆပလင်
  • ခရမ်းချည်သီး
  • ငရုတ်သီးစိမ်း

ပြင်ဆင်ပြုလုပ်နည်း

ငပိရည်ကို ကျိုကျက်ရင် အရိုးစစ်ပြီး နောက်တစ်ကျိန် ကြိုက်နှစ်သက်ရာ ငါးကိုပါ ရောချက်တာပါ။ ငါးခူနဲ့ လုပ်တာများပါတယ်။ ငပိရည်ကျိုပြီး ငါးကျက်ရင် ငါးရဲ့ အသားလေးကို နွှာပြီး အရေ သက်သက်၊ အသား သက်သက်၊ ဖယ်ထားလိုက်ပါ။

ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို လှော်ပြီးရင် ထောင်း ၊အချိုမုန့်လေး နည်းနည်းထည့်ထောင်း ၊ညက်အောင်ထောင်ပြီးရင် နွှာထားတဲ့ ငါးအသားလေးပါ ရောထောင်းပါ။

ဖယ်ထားတဲ့ ငပိရည်ကို ဆူအောင် နောက်တစ်ခါ ပြန်ကျိုပြီး၊ ဆူရင် ထာင်းထားတာလေးတွေထည့်၊ ခဏလေး မွှေလိုက်ရုံနဲ့ မွေးကြိုင်တဲ့ ငပိရည်ကျို (ဒမလိုက်) လို့ခေါ်တဲ့ကရင်ငပိရည်ကျိုလေးကို ရပါပြီ။

ငပိရည် ကျိုတဲ့အခါ နနွင်းမုန့်နဲ့ ဆပလင်လေးပါ ထုပြီးထည့်ပါ။ ခရမ်းချည်သီးနဲ့ ငရုတ်သီးစိမ်းကိုပြုတ်ပြီး ထောင်းထည့်လို့လည်း ရပါတယ်။ လှော်ပြီး ထောင်းထည့်ရင်တော့ ပိုမွေးပါတယ်။

ကြိုက်နှစ်သက်တဲ့ တို့စရာများနဲ့ စားသုံးပြီး ထမင်း အရမ်းမြိန်မှာပါ။

Credit: Pan Moh Moh Han